Part - 16

508 25 0
                                    

ဘဝမှာ နိုးထရတဲ့အချိန်ဟာ အနာကျင်ဆုံးဖြစ်ရလိမ့်မယ်လို့တွေးတောင်မတွေးကြည့်ခဲ့မိဘူး။ နှုတ်ကပင်ထုတ်မပြောနိုင်လောက်အောင် နာကျင်ရတဲ့ ချစ်ရသူကို ဆုံးရှုံးရပြီဆိုတဲ့ ခံစားချက်ဟာတွေးမိတိုင်းရင်ဘတ်က စူးနေအောင်နာကျင်ရသည်။

"မမ..."

"အမရာ....လွှာလေး "

"အမရာသိပါတယ် မငိုပါနဲ့တော့နော် အမရာရှိတယ်နော်"

ရှိုက်သံများဖြင့် ပြောနေတဲ့ သစ္စာကို အမရာ ထွေးဖက်ထားကာ ကလေးတစ်ယောက်လို ခေါင်းလေးကိုပွှတ်ပေးရင်းချော့မြူနေရသည်။ ခဏအကြာတွင် ခိုင်နှင့် သဒ္ဒါ ဝင်လာပြီး လက်ထဲတွင်လည်း သတင်းစာလေးလည်းကိုင်လာခဲ့သည်။

"သက်သာရဲ့လားကွယ်ငါ့မှာစိတ်တွေပူနေရတာ"

"သက်သာပါတယ် ငါမေ့သွားတာ ဘယ်နှနာရီလောက်ကြာသွားလဲဟင်"

"နှစ်ပတ်လောက်ရှိပြီ"

"ဟမ် ဒါ...ဒါဆို...လွှာလေးရဲ့"

"ဘာမှမလုပ်ပေးလိုက်ရဘူး"

"ဘယ်လို...."

လွှာ့အတွက် အုတ်ဂူပင်မပြောနဲ့ ခန္ဓာလေးတောင် ပေးမတွေ့ခဲ့ချင်းဖြစ်သည်။ ချက်ချင်းပင်သစ္စာမျက်ဝန်းတွင်မျက်ရည်များပြည့်နက်လာသည်။ ကိုယ့်ချစ်ရသူရဲ့ ရက်လည် နာရေးတောင် မမှီလိုက်ရသလို ဘာမှလည်း မလုပ်ပေးနိုင်ခဲ့ဘူးမဟုတ်လား။ ရင်ထဲမှာလည်း အတိုင်းအဆမသိပူလောင်လာရပြီး ငိုဖို့ပင် အားမရှိတော့သည်အထိဖြစ်လာရသည်။

"ခိုင် ဒါဆို အန်တီ အန်တီရော..."

"အန်တီဘေးကင်းနေပါပြီ ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲဆက်ပြောပါခိုင်ရယ် ငါရင်တွေပူလိုက်တာ..."

ခိုင့်အသံလေးမှာ အဆုံးတွင်တိမ်ဝင်သွားပြီး မျက်နှာလည်းမကောင်းတာမို့သစ္စာရင်ပူလာမိသည်။ ခိုင်လက်ထဲတွင်ကိုင်ထားသော သတင်းစာလေးကို သစ္စာလက်ထဲထိုးပေးလိုက်သည်။ သစ္စာမြင်လိုက်ရတာနဲ့ နှလုံးများပင်ရပ်တော့မည်အတိုင်း ခံစားလိုက်ရသည်။ ဒေါ်သရဖီ နားရေး သတင်းတဲ့ဘာကြောင့်များ ဒီလောက်လုပ်ရက်ကြတာလဲ။ လူအကောင်းတိုင်းရှိပါရက် သတင်းစာထဲနာရေးသတင်းထည့်ရတာလဲ။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now