Part - 11

890 48 0
                                    

ကိုယ့်အတွက်ပျော်ရွှင်မှုဆိုတာ ကိုယ်ချစ်ရတဲ့သူပဲ။ ဒါကြောင့် ကိုယ့်ရဲ့ပျော်ရွှင်စရာရပ်ဝန်းလေးကနေ ဘယ်လိုမှကြာကြာခွဲမနေနိုင်ပါဘူးလေ။ ဒါဟာ
ထပ်ဖန်တလဲလဲလည်ပတ်နေတဲ့ဝဋ်ကြွေးဆိုရင်လည်း သိပ်လှတဲ့ ဝဋ်ကြွေးလှလှလေးပေါ့။

"အမဘယ်သူနဲ့တွေ့ချင်လို့လဲ"

"ဟိုဒီဆိုင်မှာလေ သီချင်းဆိုတဲ့ သော်တာလွှာနဲ့တွေ့ချင်လို့ပါ"

"အော်ဟိုတစ်ယောက်လား သူက ဒီမှာ အလုပ်လုပ်တာမဟုတ်ဘူးရယ် ဝါသနာအရ တစ်ခါတစ်လေပဲ ခနဝင်ဆိုတာ"

"ရှင်....ဟုတ်ဟုတ်"

သတိရနေမှန်းသိလို့ လာပြီး ခဏတာမွှေနှောက်သွားသလားကလေးရယ်။ဟင့်အင်း သစ္စာမတွေ့တွေ့အောင်ရှာမယ် ဒီတစ်ခါတော့ထွက်မပြေးတော့ဘူး
ကိုယ်ချစ်ရသူရဲ့လက်ကို ရဲရဲဆွဲပြီး အရာအားလုံးဖြတ်ကျော်ချင်မိတယ်။

"ဟင်း...ဒီကလေး တို့ကို စိတ်များဆိုးနေသလားပဲ"

သက်ပြင်းကိုခပ်လေးလေးချကာ တိုးညှင်တဲ့အသံလေးနဲ့ ပြောလိုက်ပြီး အားနည်းနေတဲ့ခြေလှမ်းများနဲ့သာ ဆိုင်ထဲပြန်ထွက်လာခဲ့သည်။

.....

"ယူရယ် အဲ့ဆိုင်ကို ဘယ်နှခါလောက်သွားနေမှာလဲ"

"သူ့ကိုတွေ့ရတဲ့ထိပေါ့"

ညိုးငယ်နေတဲ့ မျက်နှာလေးပေါ်တွင်အပြုံးခပ်ရေးရေးလေး ပြုလုပ်ကာသစ္စာပြောလိုက်သည်။ထိုနေ့က ဆိုင်တွင့် လွှာ့ကို တွေ့လိုက်ရပြီးနောက်ရက်တိုင်း သစ္စာထိုဆိုင်ကို ညနေဆို အမြဲသွားတတ်သည်။ အပြင်သွားရတာကြိုက်တဲ့ ခိုင်ပင် သစ္စာကိုကြည့်၍မောလှသည်။

"ဒီနေ့တော့မသွားနဲ့တော့ကွယ် အိုင်နဲ့ တခြားဆိုင်လိုက်ခဲ့နော်

"ဟင်း..."

"နော်လို့"

"ကောင်းပါပြီယူရယ်"

ဒီနေ့တော့သစ္စာထိုဆိုင်ကိုမသွားဖြစ်ခဲ့ပဲ ခိုင်နဲ့သာလိုက်သွားခဲ့သည်လေ။ ခိုင့်ကောင်းမှုကြောင့် ဝိုင်အနည်းငယ်သောက်လိုက်ရသည့်အတွက် အနည်းငယ်မူးဝေနေရသည်။ ဒီထက်ပိုနေရင် ခေါင်းမထောင်နိုင်တော့မှာဆိုး၍ ခိုင့်ကို အတင်းပြောပြီး အိမ်ပြန်လာခဲ့လိုက်သည်။ပြန်လာတဲ့လမ်းမှာလည်း အမူးပြေစေရန် ကားမှန်ကိုချကာမောင်းလာခဲ့သော်လည်း အိမ်ရောက်သည်ထိအမူးမပြေသေးပါ။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now