part_29

582 69 12
                                    

အပိုင်း_၂၉

.....

ကြည်ပြာရောင်ကောင်းကင်အောက် မြူတွေစိုင်နေတော့ ဝေးနေသူကို သတိရမိ၏။ လက်ထဲကသမီးက မနက်မနက်ဆို ကိုယ့်ထက်အရင်နိုးပြီး ခြံထဲဆင်းကာလမ်းလျှောက်ပေးမှ အငိုတိတ်တတ်သဖြင့် မင်ဂယူ သမီးကိုစိတ်ချမ်းသာသလို နေစေလိုသည်။
ကိုကိုမရှိတဲ့နောက်ပိုင်း သမီးက နေ့ရောညပါချူချာပြီးအမြဲငိုနေတတ်တော့ မင်ဂယူ့မှာ စိတ်မကောင်းနိုင်၊ ဒီအရွယ်လေးနဲ့ လွမ်းရကောင်းမှန်းသိတဲ့သမီးက ဉာဏ်ကြီးရှင်လေးလို့ ဟန်ဆိုးကတော့ ချီးကျူးရှာလေ၏။

"ပါ့ပါ...ပါပါ...အိး..ပါပါး..."

‌လက်သီးဆုပ်လေးပါးစပ်ထဲထည့်ပြီး ငိုလာပါသော သမီးက ပါပါးဟူ၍ ပီသအောင်ပင် အော်နေတတ်ပြီဖြစ်သည်။ နှစ်ဖက်အဘိုးအဘွားတွေက အလိုလိုက်တော့ ငိုရင်လည်းအကြောရှည်တတ်၏။ မင်ဂယူကတော့ သမီးကိုအဲ့လောက်အလိုလိုက်မထားဖို့ အဖေတို့နဲ့ အတိုက်အခံလုပ်ရလေ့ရှိသည်။

"အိုဟုတ်ပါ့နော် ပါပါးက ပြန်လာမှာနော် သမီးက လိမ္မာတယ် မငိုရဘူး ကျွတ်ကျွတ်... အွန်း လိမ္မာတယ် ...ဟာနူးလေးက လိမ္မာတဲ့မင်းသမီးလေးပါကွယ်..အွန်အွန်..."

သမီးကိုထိန်းရင်း တစ်ခါတစ်ခါ သမီးနဲ့အတူ မျက်ရည်ကျမိတဲ့အခိုက်တန့်လည်းရှိလေသည်။ ပြင်သစ်မှာရှိနေတဲ့ကိုကို့ကို စိတ်မပူစေလိုတာမို့ သမီးကအရမ်းငိုကြောင်းတွေ ထည့်မပြောဖြစ်သလို၊ သမီးစကားပြောတတ်တည်းက သူ့ပါပါးကိုသာ ခေါ်နေတတ်ကြောင်းတော့ အရွှန်းဖောက်ကာ ပြောပြထားသည်။

"သမီးက ကျွန်တော့ထက် ကိုကို့ကို ပိုချစ်တယ်ထင်တယ်၊ အခုထိ ဖေဖေလို့မခေါ်ဘူး ပါပါးပဲခေါ်နေတာ"

"အဟွန်း သမီးက မင်းနဲ့တူလွန်းတာလေ တစ်ချိန်လုံး ငါ့ကို မျက်စိအောက်ကကိုအပျောက်မခံတာ၊ အခုလည်း လွမ်‌းနေရှာမှာပေါ့"

ဒီလိုတွေပြောပြီး မင်ဂယူ့အချစ်ကို သူဘယ်လောက်ခံယူထားရကြောင်းတွေ ပြသတဲ့အခါ ဒီကလူမှာ ပြေးဖက်ချင်စိတ်ကို တင်းတင်းကြပ်ကြပ်ထိန်းသိမ်းထားရ၏။

"ကိုကို အဲ့မှာတစ်ယောက်တည်းနေရတာ အဆင်ရောပြေရဲ့လား'

"ဘာမပြေစရာရှိလဲ ၊ပြီးတော့ ချောလ်ကလည်း အစစအရာရာကူညီပေးပါတယ် "

PartnerWhere stories live. Discover now