Unicode
သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၉)သူ့ကိုမြင်တော့ ကိုကမ္ဘာက နှုတ်ဆက်သည့်သဘော ခေါင်းညိတ်ပြလာသဖြင့် သက္ကရာဇ် ပြန်ခေါင်းညိတ်ပြရင်း ဒယ်ဒီဘေး ဝင်ထိုင်လိုက်သည်။
“ခရီးက ဘယ်လိုနေလဲ သားငယ်...”
“အဆင်ပြေပါတယ် ဒယ်ဒီ....”
“အဆင်ပြေတယ်ဆို ကောင်းတယ်....”
“နှလုံးသားရေးကရော ဘယ်လိုလဲ ဖောင်းဖောင်းလေး....”
ဘာမှမဖြေဘဲ တိတ်နေသောသူကြောင့် ဧကလေး ပန်းသီးကိုတစ်ကိုက်ကိုက်လိုက်ပြီး..
“အခုထိ သုညအဆင့်မှာပဲရှိသေးတာလား....ကိုကိုက အဲ့ကလေးကို ကိုကိုတို့ မင်္ဂလာပွဲအတွက် သတိုးသားအရံအနေနဲ့ ကမ်းလှမ်းမလို့ဟာကို...”“မင်္ဂလာပွဲလား....”
“အွန်း ဟုတ်တယ် ကိုကိုနဲ့မောင် အဲ ကမ္ဘာတို့ မင်္ဂလာဆွမ်းကျွေးသဘောမျိုးလေး အကျဥ်းချုပ်လေးလုပ်ရင် ကောင်းမလားလို့ အခုပဲ ပါးပါးတို့နဲ့တိုင်ပင်နေကြတာ...”
သက္ကရာဇ် ဘာမှပြန်မပြောမိဘဲ တိတ်ဆိတ်သွားသည်။ကိုကို့ကို အပြီးအပိုင်တခြားသူလက်ထဲ ထည့်ပေးရတော့မယ်ဆိုတော့ သူ့စိတ်ထဲ နှမြောသလို ဝမ်းနည်းမိသည်။
ပန်းသီးကိုဝါးနေသည့် ဧကလေးလည်း ဖောင်းဖောင်းလေးဆီမှ တိတ်ဆိတ်သွားမှုကြောင့် ဒီကလေးလေး ဝမ်းနည်းသွားပြီဆိုတာ သိလိုက်ရသည်။
ကမ္ဘာကတော့ ဒါဟာ မိသားစုအရေးကိစ္စမို့ တိတ်တဆိတ်ပဲ နားထောင်နေဖြစ်သည်။ဒီမိသားစုက တစ်ယောက်နှင့်တစ်ယောက် ဘယ်လောက်နွေးထွေးပြီး သံယောဇဉ်ကြီးကြလည်းဆိုတာ သူကောင်းကောင်းသိသည်။
ဒယ်ဒီကတော့ သက္ကရာဇ်ကိုနားလည်သည့်အလား ပုခုံးကို ဆုပ်ကိုင်လာကာ....
“သားငယ် စိတ်ထဲဖြစ်နေသလို ဒယ်ဒီနဲ့ပါးပါးတို့ စိတ်ထဲမှာလည်း ဖြစ်နေတယ်...ဒါပေမယ့် ဒါတွေက တစ်ချိန်ချိန် ဒယ်ဒီတို့ ကြုံတွေ့ရမယ့်အရာဆိုပြီး လက်ခံနိုင်အောင် စိတ်ပြင်ဆင်ထားရမယ်...ဒယ်ဒီတုန်းက မင်းတို့ပါးပါးကို ဒယ်ဒီမှာ ပိုင်ဆိုင်ချင်လွန်းလို့ ကြိုးစားခဲ့ရတာ....အခု သားကြီးလည်း ထိုနည်းတူပဲ...သားငယ်အလှည့်ကျရင်လည်း သားငယ် အဲ့ဒီကလေးကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားမှာပဲမလား...ဒယ်ဒီတို့တွေက အတ္တနဲ့လူတွေလေ ...ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်လိုစိတ် အရမ်းကြီးကြတယ်....ဒယ်ဒီတို့အတွက်လည်း အမှန်တိုင်းပြောရရင် သားတို့ကို တစ်ယောက်ယောက်လက်ထဲထည့်ပေးလိုက်ဖို့ကို အခုချိန်ထိ လက်မခံနိုင်ဖြစ်နေတုန်းပဲ... ဒါပေမယ့် တစ်ချို့အရာတွေမှာ ဒယ်ဒီတို့ အတ္တကြီးလို့မရဘူးလေ...ဖြစ်သင့်တာမှန်သမျှကို ဒယ်ဒီတို့လက်ခံနိုင်အောင်ကြိုးစားရမယ်....”