ch 108

218 44 0
                                    

အခန်း ၁၀၈

ဆိတ်ငြိမ်ပြီး မှောင်မိုက်နေသော  မေ့ပျောက်ခြင်းမြစ် ၏ အခြားတစ်ဖက် ရှိ၊ ပူပြင်းသောမြေကြီးနှင့်  ကျောက်တုံးများပေါ်၌ ငရဲ ဘုရင်များက ရပ်နေခဲ့ကြ၏။

ငရဲ ဘုရင် ဆယ်ပါးအနက် အများစုမှာ တစ်ချိန်က နတ်ဘုရားများဖြစ်ခဲ့ကြပြီး အချို့သော တစ္ဆေနှင့် နတ်များကတော့  ဉာဏ်အလင်းကို ရရှိခဲ့ကြသူများ ဖြစ် သည်။ တစ္ဆေနှင့် နတ်တို့၏ ဉာဏ်အလင်း ပွင့်လာကာမှ တစ်ချိန်က သေမျိုးကင်းစောင့် ကဲ့သို့ပင် နောက်ပိုင်းတွင် တစ္ဆေဖြစ်လာကာ အကြောင်းအမျိုးမျိုးကြောင့် အဆင်နိမ့်  တစ္ဆေအရာရှိဖြစ်လာရာမှဉာဏ်အလင်း ပွင့်၍ အဆင့်ဆင့်  ရာထူး မြှင့်သွားရင်းနှင့် တစ္ဆေ သို့မဟုတ် နတ်ဖြစ်လေ၏။

ယခု မရဏနိုင်ငံမှ တတစ္ဆေနှင့် နတ်များအကြား  ထိုကဲ့သို့ဉာဏ်အလင်း ပွင့်ကာ  ကျင့်ကြံထားသော  အဆင့်မြင့်အရာရှိများထဲတွင် လူသိအများဆုံးမှာ တရားသူကြီးလေးဦး၏ ခေါင်းဆောင် တရားသူကြီး ချွေ့ပင် ဖြစ်သည်။ သူမှလွဲ၍ ဘုရင် ချင်ကွမ် သည်လည်း  ကိုယ်တိုင်ကျင့်ကြံပြီး ငရဲဘုရင်တစ်ပါးဖြစ်ကြောင်း အနည်းငယ်မျှသော နတ်များနှင့် ‌တစ္ဆေများသာ သိကြသည်ပင်။

ဘုရင်ပင်းသုန်နှင့် အခြားသော ငရဲ ဘုရင်ငါးပါး ရုတ်တရက် ပေါ်လာပြီးနောက် ဧကရာဇ် ပေသုန့်နှင့် ဘုရင်ချူကျန်းတို့သည် ၎င်းတို့၏ အမူအရာ မှာပြောင်းလဲသွားခဲ့ပြီ။ ထိုအချိန်တွင်၊ သူတို့နှစ်ယောက်မှာ ဘုရင် ချင်ကွမ် ၏နောက်တွင် တညီတညွတ်တည်း ရပ်နေကြ၏။

မရဏပြည်၌ယုံကြည်ထိုက်သော  ဘုရင်တစ်ပါးကိုသာ လက်ညိုး ထိုးပြရလျှင် ဘုရင် ချင်ကွမ်သာ ဖြစ်ပေမည်။

တစ်ဖက်တွင် ဘုရင် ချင်ကွမ် မှာ သစ္စာဖောက်ဖြစ်လာပါက မဆိုင်းမတွ ထို ငရဲ ဘုရင်အားဖမ်းဆုပ်နိုင်မည်မဟုတ်ချေ။

ဧကရာဇ်စုန့်နှင့်  ဘုရင်ချူကျန်းတို့ ပူးပေါင်းခဲ့လျှင်တောင် သူတို့မှာ ဘုရင် ချင်ကွမ် ၏ ပြိုင်ဘက်မဟုတ်။

ဟုတ်ပါတယ်၊ ဘုရင် ချင်ကွမ် ဟာ ငရဲ ဘုရင်
ဆယ်ပါးရဲ့ ခေါင်းဆောင်ကောင်းပင်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now