ch 105

184 37 0
                                    

အခန်း ၁၀၅

ယင် နဲ့ ယန် လမ်းကြောင်းနှစ်ခုဟာ တစ်ခုနဲ့တစ်ခု မသက်ဆိုင်ပေ။

လွန်ခဲ့သော ဆယ့်ရှစ်နှစ်ခန့်က စုကျိုးမြို့ တွင် ဖြစ်ပျက်ခဲ့သည်များကို သင်ရှာဖွေလိုပါက၊ သေချာသည်မှာ သင် မရဏကမ္ဘာတွင် ဖြစ်ပျက်ခဲ့သည်များကို ရှာဖွေရုံသာမက သေမျိုးကမ္ဘာမြေကြီးတွင်လည်း ဖြစ်ပျက်ခဲ့သည်များကို ရှာဖွေရန် လိုအပ်ပေသည်။ လျန်ရှီမှာ ထိုအချိန်က ခြောက်နှစ်အရွယ်ကလေးသာရှိသေးပြီး ၎င်းသည် ၂၀၀၃ ခုနှစ်တွင် SARS ကပ်ရောဂါဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံး ကပ်ရောဂါကို တွန်းလှန်နေခြင်းဖြစ်ကြောင်း သတိရမိသွားခဲ့၏။ ထို့အပြင် ထိုနှစ်သြဂုတ်လတွင် လျန်ရှီ၏အဘိုးက ညနေခင်းတွင် ဖရဲသီးဝယ်မည်ဟုပြောပြီး မကြာမီ ပြန်လာခဲ့မည်ဟု ပြောလာပြီး နောက် သူ၏ အဘိုးမှာ ဘယ်သောအခါမှ ပြန်မလာခဲ့။

လျန်ရှီ ကမ္ဘာ့ကြီးကြီးမားမားဖြစ်ရပ်များကို မစုံစမ်းနိုင်သော်လည်း စုကျိုးမြို့ ရှိ ဒေသခံ ဟု သက်မှတ်နိုင်မယ့် လူတစ်ဦးကိုတော့ သူသိသည်ပင်။

"ကောင်းပြီ၊ ဟုတ်ကဲ့ မစ္စတာ ကောင်း... မဟုတ်ပါဘူး၊ ထူးထူးခြားခြား တစ်ခုခု မရှိခဲ့ဘူးလား၊ ဟုတ်တယ်၊ သရဲတစ္ဆေတွေနဲ့ ပတ်သက်တာမျိုး ရော။"

သူတို့လို သာမာန်လူတွေဟာ သတင်းအချက်အလက်တွေကို စစ်ဆေးဖို့ ချိတ်ဆက်မှုကို အားကိုးလို့မရတာ အမှန်ပါပဲ၊ ဒါပေမယ့် ကောင်းကျားရွှမ် လိုမျိုး စွန့်ဦးတီထွင်သူ ဆိုလျှင်တော့ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က စုကျိုးမြို့ မှာ ဖြစ်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာကို အကူအညီတောင်းဖို့ဆိုတာက သူတို့အတွက် မခက်ခဲလှပါဘူး။ .

မြေအောက်ကမ္ဘာမှာ ဖြစ်ပြက်ခဲ့တာ တွေကို စုံစမ်းဖို့ အတွက်ကတော့ ကံကြမ္မာ လှည်းဘီး ဘုရင် တရားသူကြီး ချွေ့ နှင့် အခြားသူများမှာ သဘာဝကျကျပင် တာဝန်ယူထားခဲ့သည်။

တိတ်ဆိတ်ပြီး ကျယ်ဝန်းတဲ့ ဧည့်ခန်းထဲမှာ  ထမင်းစားခုံရှေ့မှာ မတ်မတ်ထိုင်ရင်း သူ့ရဲ့ကျားမျက်လုံးအား ပြူးကျယ်လျက်နှင့် သူ့ရှေ့က  လှည့်ပတ် နေသောမှန်ကြီးကို လေးနက်စွာ စိုက်ကြည့်နေခဲ့၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now