ch 107

241 49 0
                                    

အခန်း ၁၀၇

တိမ်မည်းများသည် ပြိုကျလုနီးပါးဖြစ် နေပြီး လှိုင်းထန်ပြီး အလွန် ပြင်းထန်သော စွမ်းအားများက ယာမခန်းမ၏ လမ်းကြောင်းနှင့် ငရဲအဆင့် ဆယ့်ရှစ်ဆင့်တို့အထိ သက်ရောက်မှုရှိနေခဲ့သည်။

တခဏချင်းမှာပဲ ကျယ်လောင်တဲ့အသံတစ်ခုထွက် ပေါ်လာပြီး မရဏကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားကာ ခဏအကြာတွင် ပြန်လည်ငြိမ်သက်သွားခဲ့လေ၏။ ဤအခိုက်အတန့်တွင်၊ မေ့ပျောက်ခြင်း မြစ်ရဲ့နံ လမ်းဘေးတွင် တန်းစီနေကြသော သန်းရာနှင့်ချီသော တစ္ဆေများသည်လည်း ကျယ်လောင် နေသောဆူညံသံကိုကြားရပြီး လွန်ခဲ့သည့်တစ်စက္ကန့်က တာဝန်ကျနေသော တစ္ဆေအမှုထမ်းများစွာမှာ ထိတ်လန့်စွာ မျက်လုံးပြူးကျယ်လျပ်  အနီးကပ်ဆုံးရှိသူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ထိတ်လန့်စွာကြည့်နေခဲ့ကြသည်။

မေ့ပျောက်ခြင်း မြစ်ကို ဘယ်သူအရင်ကြည့်လဲဆိုတာတော့ မသိဘူး။

ရုတ်တရက်၊ တစ္ဆေတစ်ကောင်က ထိတ်လန့်တကြားအော်ဟစ်လာ၏- "ရေစီးကြောင်းက ဖြတ်ခံလိုက်ရပြီ။ မေ့ပျောက်ခြင်း မြစ်က ပြန်ရပ်သွားတော့မှာဘဲ!!!"

မြေအောက်ကမ္ဘာတစ်ခုလုံး၌  ဖြတ်သန်းစီးဆင်းနေသော မေ့ပျောက်ခြင်းမြစ်ရေ မမြင်နိုင်သော အရာတစ်ခုကြောင့် အလယ်၌ ပြင်းထန်စွာ ဖြတ်တောက်သွားပုံရသည် ။


ယခုအချိန်တွင် ထိုအအချိန်မှာဘဲ ကျွမ်လန် ဘုရင်ရဲ့ နန်းတော်ကနေ  ဘုရင် ချင် ကွမ်ရဲ့ တစ္ဆေ တရားစီရင်ရေစ နန်းတော်အကြား မျဉ်းဖြောင့်တစ်ခု ဆွဲလိုက်သကဲ့သို့။  ဤမျဉ်းကြောင့်  မြင်နိုင်သောလက်ဖြင့် ပင်လယ်ကို ခွဲထုတ်သကဲ့သို့ ဖြစ်သွား စေကာ   မြစ်အား ပိုင်းခြား ထားသောမျဉ်းသည် မြစ်ရဲ့အထက် ပေါ် ပေါက်ခဲ့လာသည်။

လျစ်လျူရှုဖို့ မျဉ်းဟာ ပါးလျှပ်လှ၏။

ဤပါးလွှာသော ချုပ်ရိုးတစ်လျှောက်၊ ပြိုးပြိုးပြက်ပြက်နှင့် ရောင်စုံမီး‌ ရောင်များက မေ့ပျောက်မြစ်အောက်ခြေမှ အပေါ်ဘက်သို့ ဖြာထွက်နေခဲ့ပြီ!

ပင်းသုန်ရဲ့ နန်းတော်ရှေ့တွင်၊ နုံထုံ က ထိတ်လန့်တကြားဖြင့် နန်းတော်တံခါးထဲသို့ ပြေးဝင်သွားပြီး "အရှင် မင်းကြီး ပင်းသုန် ၊ဘာတွေ ဖြစ်နေလဲ မသိတော့ပါဘူး! မြစ်ပျောက်ခြင်း မြစ်ရေက ရပ်တန့် သွား ခဲ့ ပြန်ပြီမရဏ ကမ္ဘာ မှာ တစ်ခုခု ဖြစ်သွားတာမျိုးပါလား အရှင် ?။ “

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now