ch 109

278 41 0
                                    

အခန်း ၁၀၉

လျန်ရှီ မင်းကဘယ်သူလဲ။

လွန်ခဲ့သော ခြောက်လအတွင်း ဤမေးခွန်းကို မရေမတွက်နိုင်သောလူများ မေးခဲ့ကြသော်လည်း အဖြေမရရှိခဲ့ကြပေ။

ကျောင်းနန်လမ်း ကို စီမံခန့်ခွဲသော ဟေးဝူချန်နဲ့ ပိုင်ဝူချန်မှ မရဏအရှင်သခင် ကိုယ်တိုင်တောင် မည်သူမျှ လျန်ရှီ ၏ အထောက်အထားအစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ သက်ရှိအားလုံး၏ သေခြင်းနှင့် ပျက်စီးခြင်းများကို ထိန်းချုပ်သည့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းဆိုင်ရာကျမ်း စာမျက်နှာမှာပင် အလွတ်ဖြစ်နေခဲ့သည်။


အတိတ်ဘဝမရှိ၊ နောက်ဘဝလည်းမရှိ၊ လေထဲမှ ရုတ်တရက်ပေါ်လာသလို ဤဘဝသာလျှင် ရှိနေခဲ့သည်။

ယခုအခါ မြင့်မြတ်သောတရားရုံး၏ သခင်ဖြစ်သူ လင်းဝိန်ယန် ကလည်း ဤမေးခွန်းကို မေးခဲ့သည်။

လျန်ရှီ ကြည်လင်သော အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းများကို အနည်းငယ် ပွတ်သပ်လိုက်သည်။

...သူဘယ်သူဖြစ်နိုင်မလဲ။

နတ်တရားရုံးတော်ရှိ ဘုရား ၁၈,၀၀၀ ၏ လူဝင်စားများထဲမှ တစ်ဉီးဖြစ်သလော၊ သို့မဟုတ် လဲ့ချန်ကဲ့သို့ သေမျိုး ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာပြီး လောကနှစ်ရပ်၏ စည်းမျဉ်းများကြောင့် ဖိနှိပ်ခံခဲ့ရပြီး မှတ်ဉာဏ်ပျောက်ဆုံးသွားသော တစ္ဆေ ဒါမှမဟုတ် နတ်ဘုရားများလား။

သို့သော် သူသာ တစ္ဆေအရာရှိဖြစ်လျှင်ပင် သူ၏အမည်ကို ရှင်သန်ခြင်းနှင့်သေခြင်းဆိုင်ရာ စာအုပ်တွင် ရေးထားလိမ့်မည်ပင်။ အခြားဥပမာတစ်ခုမှာ ဧကရာဇ်ပိုင်သိ၏ လူဝင်စားခြင်းခံခဲ့ရသော ဝမ်ယွယ်ချင်းသည်ပင် သူ၏အတိတ်ဘဝကိုလည်း ရှင်သန်ခြင်းနှင့်သေခြင်းဆိုင်ရာ ကျမ်တွင် ထင်ရှားစွာမှတ်တမ်းတင်ထားသည် မဟုတ်ပါလား။

သူ့တစ်ယောက်တည်းသာအရာအားလုံးက လွတ်နေလေ၏။

ခဏလောက် လျန်ရှီ ဟာ အလွန်စိတ်ရှုပ်သွားလေပြီ။ ဤမေးခွန်းကို လူတိုင်းမေးလာခဲ့ကြသော်လည်း အဖြေကိုတော့ မည်သူကလာပြောနိုင်မလဲ?

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now