Chapter 1

570 37 0
                                    

အခန်း ၁ - လုပ်ငန်းခွင်သို့ ပြန်ဝင်ခြင်း

“နှစ်ပွင့် သုံးကဒ်”

“ငါက နှစ်ပွင့်သုံးကဒ်လေ မင်းက ကင်း နှစ်ကဒ်ပဲမလား”

စီးကရက်တစ်လိပ်ကို ပါးစပ်ထဲကိုက်ထား သောစစ်သားတစ်ဦးသည် နှစ်ထပ်ခုတင်၏အောက်ထပ်တွင် ခြေချိတ်ထိုင်လျှက် သူ့လက်ထဲမှကဒ်များကို သူ့ဘေးနားမှလူတွေအားလိုက်ပြနေသည်။

“မင်းရဲ့ စောက် အိုကြီးအိုမ အမဲရောင် ကင်း နှစ်ကဒ်က   နှစ်ပွင့် သုံးကဒ်ကို ရိုက်ချနိုင်မယ်ပေါ့”

သူ့နားကလူတွေအကုန်ထဆဲကြတော့သည်။ 

“ငါxိုး ငါxိုး ကင်းတစ်ကဒ် ထဲနဲ့တောင် နိုင်တယ်ကွ”

လီးပဲ ဘယ်က‌ဘာစောက်ကြောင်းကြောင့်နိုင်တာလဲ? တစ်ဖက်မှာထိုင်နေတဲ့ စစ်သားက သူ့လက်ထဲမှ ကဒ်တွေကိုလွှင့်ပစ်လိုက်ရာ ကုတင်ပေါ်ပြန့်ကျဲကုန်သည်။

“မင်းတို့ကညစ်တယ် တော်ပြီ မဆော့တော့ဘူး”

ကုတင်ပေါ်မှာ ဝိုင်းထိုင်နေကြတဲ့ တစ်အုပ်လုံး ဟားတိုက်ရီကြတော့သည်။

အဆောင်တံခါးသည် ကန်ဖွင့်ခံလိုက်ရပြီး နံရံကို ပြင်းပြင်းထန်ထန်သွားထိမိသောကြောင့် အသံအကျယ်ကြီးမြည်သွားသည်။ လူတိုင်းတံခါးဘက်သို့လှည့်ကြည့်လိုက်ကြရာ ရုတ်တရပ် ရွံ့စေးရုပ်များကဲ့သို့တောင့်တင်းကုန်ကြသည်။ ဆူညံသံတွေအကုန် ရုတ်တရက် ရပ်သွားပြီး တစ်ခန်းလုံးတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

အရပ်ရှည်ရှည်နှင့်ရုပ်ရည်ချောမောသော အရာရှိတစ်ယောက် မတ်တပ်ရပ်နေသည်။သစ်လွင်တောက်ပသည့် ဘွတ်ဖိနပ်ကို စီးထားသော သူ့ညာဘက်ခြေထောက်ကို ဖြည်းဖြည်းချင်းထုတ်ကာ ကန်ဖွင့်လိုက်တုန်းက ပွန်းသွားပုံရသည့် ဖိနပ်ထောင့်ကို စိတ်ပျက်စွာ စိုက်ကြည့်နေသည်။ သူ့နောက်ဘက်တွင် ရပ်နေသော စစ်သားတစ်ယောက်သည် အမြန်ပြေးထွက်လာလျက် စောင့်ကြောင့်ထိုင်ချကာ လက်ကိုင်ပဝါနဲ့ ပေသွားသည်ကိုသုတ်ပေးလိုက်သည်။ ပြီးလျှင် ချက်ချင်း အလျင်အမြန်  အနောက်ဘက်တွင် ပြန်သွားရပ်နေသည်။ အရာရှိသည် ခေါင်းကိုမော့လျက် အခန်းထဲသို့စိုက်ကြည့်နေသည်။

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now