သူ့မျက်နှာပေါ်မှ အောက်စီဂျင် maskကို တွေ့သောအခါ လန်ယွီ မေးလိုက်သည်။
"မရှိတော့ဘူးလို့ မင်းပဲပြောခဲ့တာမလား?"
"ငါသာ အဲ့လိုမပြောရင် မင်းကရေကန်ထဲမှာ ရေပတ်ကူးပြီး ရေဆော့ပြီးမှ ငါဆီပြန်လာမှာမလား?"လုရန်ခုန်းက တည်တည်ငြိမ်ငြိမ်ပဲ ပြန်မေးသည်။
လန်ယွီ ခွန်းတုံ့ပြန်လိုက်ချင်သော်လည်း ဓာတ်ပုံရိုက်ယူခဲ့သည့် သူ့အပြုအမူသူ ပြန်သတိရပြီး နောက်ဆုံးတော့ လှောင်ပဲလှောင်ရီလိုက်တော့သည်။
လုရန်ခုန်း ဘာစကားမှမပြောတော့ဘဲ လှည့်သွားကာ ရှေ့သိုသာကူးခတ်သွားရာ သူအင်းစက်ဘုရင်၏ အသေကောင်ခန္ဓာကိုယ်ကို ကြည့်ချင်၍ဆိုသည်ကို လန်ယွီသိ၍ နောက်မှသာ တိတ်တိတ်လေး လိုက်ကူးခတ်လိုက်တော့သည်။တာမီနယ်မှ အလင်းရောင်သည် ရေထဲသို့ထိုးထွင်းနေရာ ပတ်ပတ်လည်မှ ငါး ပုဇွန်များနှင့် ရေမှော်ပင်များကိုပါ အနည်းငယ် မီးထွန်းထားပေးသကဲ့သို့ ဖြစ်နေသည်။
သူတို့နှစ်ယောက် အင်းစက်ဘုရင် ရေထဲသို့ကျသွားသော နေရာတစ်ဝှိုက်သို့ အချိန်တစ်ခုအထိရှာနေသော်လည်း ဘာသဲလွန်စမှ မတွေ့သေးပေ။
လုရန်ခုန်းရေထဲတွင် လှည့်လိုက်ပြီး
လန်ယွီ သူ့မက်ချာရှိနေသည့်နေရာသို့ ကြည့်လိုက်ပြီးနောက် အကွာအဝေးကို ချိန်ဆကာ အခိုင်အမာပြောလိုက်သည်။
"ဒီနေရာပဲ"
ပိုးကောင်ကြီးမှာ လည်ပင်းဖြတ်ခံရပြီး အခြေခံအားဖြင့်ဆိုရင် သူနဲ့အတူတူကျလာခြင်းဖြစ်ပြီး ရေကန်၏ အလယ်သို့ သူ့ရှေ့ကပင် ကျသွားခြင်းဖြစ်သည်။
သူတို့နှစ်ဦး အနည်းငယ်ဝေးတဲ့နေရာအထိ လှည့်ပတ်ရှာကြည့်သော်လည်း ဘာမှရှာမတွေ့ခဲ့။လုရန်ခုန်း ရေမျက်နှာပြင်ပေါ်သို့ ကူးခပ်လိုက်ပြီး ပြောသည်။"ငါတို့ရှာမတွေ့ရင် မသေသေးဘဲ လွတ်သွားတာဖြစ်မယ်"
သူတို့ရေပေါ် ရောက်ရောက်ခြင်း အလင်းရောင်တစ်ခုလာထိုးရာ လန်ယွီမှာ မျက်လုံးကို မှိတ်ပစ်လိုက်သည်။ လူတော်တော်များများ ရေကန်ပတ်ပတ်လည်တွင် လှုပ်ရှားနေကြပြီး သူတို့ အပေါ်ဘက်တွင်လည်း ရဟတ်ယာဉ်များ ဝဲနေသည်။
"ဒါက စစ်တပ်ငှာနချုပ်ကလား? စစ်တပ်ငှာနချုပ်က မက်ချာတပ်သားတွေရှိနေတာလား?"
လူတစ်ယောက် အော်လံဖြင့် အော်နေသည်။
ပတ်ပတ်လည်မှအလင်းရောင်များမှာ သူတို့ခန္ဓာကိုယ်မှာ ဝတ်ထားသော စစ်တပ်ဝတ်စုံကို မြင်ရနိုင်သည်အထိလင်းသည်။ လုရန်ခုန်း ဘာမှပြန်မဖြေရာ လန်ယွီသည်လည်း သူ့အတိုင်းပင် ဘာသံမှမထွက်ဘဲ နေလိုက်ပြီး သူ့လက်နှင့်ခြေများမှာတော့ ရေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသည်။
"လာ ဟိုဘက်ခြမ်းကို ကူးသွားပြီး အင်းစက်ဘုရင်ကို ရှာရအောင် မက်ချာတွေကိုတော့ ထားခဲ့လိုက်တော့ သူတို့ဆယ်လိမ့်မယ်"လုရန်ခုန်း အသံနိမ့်နိမ့်ဖြင့်ပြောသည်။
သူ ရဲတွေကို အရေးမလုပ်သည်ကို တွေ့သောအခါ လန်ယွီ ခေါင်းတွေပင် ကိုက်လာသလိုပင်။ထိုသို့ လုပ်နေခြင်းမှာ လျှို့ဝှက်ထားသော အကြောင်းအရာတစ်ခုခုရှိမည်ဆိုတာကို လန်ယွီသိ၍ ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။
"သွားစို့"
သူတို့နှစ်ယောက် oxygen maskများကို လွှင့်ပစ်လိုက်ကြပြီး တဖက်ကမ်းစပ် ဘက်သို့ကူးသွားလိုက်ကြသည်။အချိန်ခဏအတွင်းပင် အသံများမှာ နောက်တွင်ကျန်ခဲ့ပြီဖြစ်သည်။ဝိုးတိုးဝါးတားလရောင်အောက်တွင် ရေကူးသံများသာ ကြားနေရသည်။
ရေကန်မှာ အလွန်ကျယ်ရာ တစ်ဖက်ကမ်းကို ရောက်ဖို့ ဆယ်မိနစ်လောက် ကူးလိုက်ရသည်။ ကမ်းပေါ်သို့ရောက်သောအခါ လန်ယွီတစ်ကိုယ်လုံး ရေများဖြင့် စိုစွတ်နေရာ သူမြက်ခင်းပေါ်ထိုင်လိုက်ပြီး သူ့ရဲ့ လေးလံနေတဲ့ စစ်တပ်ဖိနပ်ကို ချွတ်လိုက်ပြီး ရေများကိုသွန်ချကာ မေးလိုက်သည်။
"ဟင်"
လုရန်ခုန်း သူ့အပေါ်အင်္ကျီကို ချွတ်ပြီး ရေညှစ်နေရာ သူ့လက်မောင်းမှ သန်မာသော ကြွက်သားအဖုအဖောင်းများကို မြင်နေရသည်။
လန်ယွီသူ့ကို တစ်ချက်ကြည့်လိုက်ပြီး"ရဲတွေ အင်းစက်ဘုရင်အကြောင်း သိသွားမှာဆိုးလို့လား?အဲ့ဒါကြောင့် အရေးမစိုက်ဘဲ နေလိုက်တာမလား"
လုရန်ခုန်း သူ့အင်္ကျီကိုခါလိုက်ပြီးမှ ပြန်ဝတ်လိုက်ကာ စိတ်မပါလက်မပါဖြင့် ပြန်မေးသည်။
"ဘာလို့ရဲတွေသိသွားမှာကြောက်ရမှာလဲ? အင်းစက်ဘုရင်အကြောင်းက လျှို့ဝှက်ချက် မဟုတ်ပါဘူး"
"ဒါဆို ဘာလို့ အခု သူတို့အော်ခေါ်နေတုန်းက ပြန်မဖြေဘဲ ဒီဘက်ကမ်းကို ကူးလာတာလဲ?"
လုရန်ခုန်းသူ့ခေါင်းကို ခွေးကြီးတစ်ကောင်လိုခါလိုက်ရာ နေရာစုံသို့ ရေစက်များ စင်ကုန်သည်။သူ သူ့မျက်နှာမှ ရေများကို သုတ်ချလိုက်ပြီးမှ ဆက်ပြောသည်။"အင်းစက်ဘုရင်ကို ဖမ်းမမိသေးဘူး အဲ့ဒါကို ကမ်းပေါ်မှာ သတင်းထောက်တွေဝိုင်းပြီး အင်တာဗျုးတာခံဖို့ အာရုံရှိသေးတာလား?"
"ဟင်?"လန်ယွီ အနည်းငယ် ရှုပ်ထွေးနေသည်။
"ဒီလိုပုံနဲ့ ဂြိုလ်တုကွန်ရက်ပေါ်ရောက်ပြီး အိုမီဂါတွေကို မြင်စေချင်တာလား"လုရန်ခုန်း သူကိုယ်သူလက်ညှိုးဖြင့်ထိုးကာ လန်ယွီဘက်သို့ လက်ညှိုးထိုးပြပြန်သည်။
လန်ယွီ သူ့မျက်လုံးကို မှိတ်ကာ သူ့ဖိနပ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ထိုလူ့မျက်နှာကို ထမရိုက်မိစေရန် မနည်းထိန်းချုပ်ထားရသည်။_________________
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation