Chapter 21 (pt 1)

281 34 0
                                    

အခန်း ၂၁ - စစ်ဆင်ရေး အသစ်

တိတ်ဆိတ်ငြိမ်သက်ကာ အေးမြ‌နေသော အချိန်တွင် ရွှေရောင်သဲသောင်ပြင်ပေါ်သို့ လရောင်ဖြာကျနေရာ ငွေဖြူရောင် ဇာပဝါ အကြီးကြီးဖြင့် လွှမ်းခြုံထားသကဲ့သို့ပင်။ တပ်စခန်းသို့ပြန်နေသော စစ်တပ်ယာဉ်သည် လမ်းမကြီးတည့်တည့် မောင်းနှင်နေပြီး တိရစ္ဆာန်ငယ်လေးများမှာ သူတို့ တွင်းများဆီသို့ အပြေးဝင်လိုက်ကြပြီးနောက် ချောင်းကြည့်နေကြပြန်သည်။

လန်ယွီ SUV ကား၏နောက်ခန်းတွင် ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေပြီး သူ့ဘေးရှိ လုရန်ခုန်းမှာလည်း ပြတင်းပေါက်ဘက်သို့သာကြည့်နေသည်။ သူဒီလိုပုံစံဖြင့် ထိုင်နေသည်မှာ အတော်ကြာပြီဖြစ်ပြီး ပျင်းစရာကောင်းစွာ ကားအင်ဂျင်သံ တစ်သံထဲသာ ကြားနေရချိန်တွင် သူသည်လည်း အတိတ်ကအကြောင်းအရာများကို ပြန်တွေးနေမိသည်။

သူဒီကို ကူးပြောင်းခံရသည်မှာ တစ်လပင် မရှိသေးချေ။ သို့သော် အောင်မြင်ကျော်ကြားမှု၊ ပိတ်ကား ၊ရိုက်ကွင်း ပန်းတွေ အကုန်လုံးက သူနဲ့တစ်ဘဝစာလောက် ဝေးကွာခဲ့သလို ဖြစ်နေသည်။ လွန်ခဲ့တဲ့တစ်လလောက်ကဆို သူ့နေ့တိုင်းသရုပ်ဆောင်နေရမည့် အပြင် ဗုံးစနက်တံကို ဖြုတ်ရမည်၊ ဂြိုဟ်အပြင်ဘက်ကလူကို သတ်ရမည်၊ ပိုးဟပ်တွေနဲ့တိုက်ခိုက်ရမည်၊ ဒီလိုသေမင်း နှုတ်ခမ်းဝပေါ်မှာ လမ်းလျှောက်နေရလိမ့်မည်လို့ သူ့စိတ်တောင် မကူးခဲ့ဖူးပေ။
ဤကဲ့သို့ ထူးဆန်းသော ကမ္ဘာကြီး‌တွင် ထူးဆန်းသောပုံစံဖြင့် ခွေးရူးလို အကျင့်စရိုက်ရှိသော အယ်လ်ဖာတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး နေထိုင်ရသည်မှာ အလွန်ပင်ခက်ခဲသည်။


"လရောင်မှာ ကမ်းခြေတစ်လျှောက် ဖျာကျကာ .....ကြယ်ပွင့်လေးများမှာလည်း....အလင်းစက်လေး များလိုသာ ....ငါးဖမ်းသမားများလည်း လှေကလေးများဖြင့်ပြန်လာ...."

ယောကျာ်းတစ်ယောက်၏ အသံတိုးတိမ်တိမ်လေးတစ်ခု သူ့ဘေးမှ ထွက်လာသည်။ထိုအသံမှာ လုရန်ခုန်း အသံတိုးတိုးဖြင့် သီချင်း ညည်းနေခြင်းဖြစ်သည်။
သူညည်းနေသော သီချင်းမှာ ရိုးရိုးရှင်းရှင်း သံစဉ်၊ ရိုးရိုးရှင်းရှင်းစာသားများဖြင့် ကလေးကဗျာသံစဉ်လေးသာဖြစ်ပြီး တစ်နေရာရာမှ သီချင်းသံစဉ်မျိုး ဖြစ်သည်။လန်ယွီ ထိုသူ ဆိုနေသော တစ်စိတ်တစ်ပိုင်းကိုသာ ကြားနေရပြီး သူ့စိတ်ထဲမှပင် လိုက်ညည်းနေရင်း ထိုသီချင်းကို အရင်က တစ်နေရာရာတွင် ကြားဖူးနေသည်ဟု တွေးနေမိသည်။
ကားမောင်းနေသည့် ဆာဂျင်အငယ်လေးမှာ မနေနိုင်တော့ဘဲ မေးလာသည်။

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now