အခန်း ၂၄ - ထောင်သားများ
လန်ယွီ ထောင်စောင့်နောက်မှ သူ့စောင်လိပ်သူသယ်ကာ လိုက်နေပြီး လုရန်ခုန်း၏ဘေးမှ ကြပ်မတ်သော အကျဉ်းထောင်၏ လျှောက်လမ်းတွင် လျှောက်နေခြင်း ဖြစ်သည်။ လုရန်ခုန်းသည်လည်း သူ့စောင်နှင့် ခေါင်းအုံးကို သယ်ထားသည်။
“မင်းခုနက အပိုတွေပြောလိုက်တာကို ထောင်စောင့်တွေက တကယ်ယုံနေကြတယ်”သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ လုရန်ခုန်းဆီသို့ တိုးတိုးလေး ပြောလိုက်သည်။
“အပိုပြောတယ်? တိမ်ရေကန်က လူသတ်မှုက လူနှစ်ဆယ့်သုံးယောက်တောင် သေခဲ့တာ၊ပြီးတော့ ကြယ်တာယာဘဏ် ဓားပြတိုက်ခံရတဲ့အမှုမှာဆို တရားခံက ဂြိုဟ်လေးငါးခုလောက်မှာ ဓားပြတိုက်ခဲ့တာ သူကြိုက်တဲ့နေရာတွေမှာတောင် ပိုင်ဆိုင်မှုတွေ လျှောက်ဝယ်ထားသေးတယ်။အဲ့ဒီမြေပိုင်ဆိုင်မှုတွေ မပါဘဲနဲ့တောင် ဒေါ်လာ ဘီလီယံချီတယ်”
လန်ယွီ အံ့ဩတကြီးပြောသည်။“မင်း ဇာတ်လမ်းဆင် ပြောထားတာမဟုတ်ဘူးလား?”
“ဒီလောက် အရေးကြီးတဲ့ ကိစ္စတွေကို ဇာတ်လမ်းဆင်လို့ ရမလား? "လုရန်ခုန်းမှ ပြောသည်။
“ဒါဆို ဘာလို့အဲ့အချိန်ထဲက မဖမ်းဘဲ အခုမှ ပြောတာလဲ? လန်ယွီ မျက်မှောင် ကြုံ့လိုက်သည်။
လုရန်ခုန်း ပြောလိုက်သည်။“ငါ လချီကြာတဲ့ အလုပ်ခရီးရှည် သွားခဲ့တာ အဲ့အမှုနှစ်ခုကို စုံစမ်းဖို့လေ။သဲလွန်စ နည်းနည်းပဲရခဲ့တာ။ ပြီးတော့ ငါမတင်ပြရသေးခင် ဒီကိုပို့ခံလိုက်ရတော့တာပဲ”
သူအသံတိုးတိုးဖြင့် ဆက်ပြောသည်။
“အခုတော့ ဒီသဲလွန်စတွေကို ကိုယ့်အသက်ကိုယ် ကယ်ဖို့ သုံးလိုက်ရပြီ။အစက ဒီအဖိုးတန် အကျိုးအမြတ်တွေကို အသုံးချပြီး ဗိုလ်မှူးအထိ ရာထူးတိုးအောင် လုပ်မလို့။ဒါပေမယ့် အခုတော့ မင်းမြင်တဲ့အတိုင်းပဲ ငါ့အောင်မြင်မှုတွေကို မင်းသက်တောင့်သက်သာ နေနိုင်ဖို့ ထောင်မှူးနဲ့ လဲလိုက်ရပြီ။ မင်းအစ်ကိုက မင်းကို ဘယ်လောက် ဂရုစိုက်လဲ?”
လန်ယွီသူ့ကို အာရုံမစိုက်ဘဲ နေလိုက်သည်။ လုရန်ခုန်းသည် လန်ယွီကို သူ့ပခုံးနှင့် တိုက်လိုက်ကာ ထပ်မေးသည်။
“ကျောက်တုံးလို မျက်နှာ လုပ်မနေနဲ့။ ပြော မင်းအစ်ကိုက မင်းကို ဂရုစိုက်တယ်မလား?
“၀၃၅၇ မင်းပွစိပွစိပြောတာကို ငါတလျှောက်လုံးကြားနေရတာ။မင်းက ထောင်မှူးကို မင်းရဲ့ မုဒိမ်းမှု အဖော်တွေ အကြောင်း ပြောပြမှာလား? မင်းရဲ့ရာဇဝတ်ကောင် အပေါင်းအပါတွေ အကြောင်း ပြောပြလိုက်ရတာနဲ့ အပြစ်ကျေသွားမယ် ထင်နေတာလား? ငါမင်းကို ပြောမယ်။ မင်းဘာအမှားမှ မလုပ်တာ ကောင်းမယ်။ မဟုတ်ရင်လည်း မင်းငါ့ဆီမှာ အဖမ်းခံလိုက်။ မဟုတ်ရင် မင်းဒုက္ခရောက်လိမ့်မယ်”
ထောင်စောင့်သည် သူ့လမ်းကြောင်းမှ ရပ်လိုက်ပြီး ခေါင်းလှည့်ကာ လုရန်ခုန်းကို ဆူငေါက်နေသည်။
ထိုသူသည် သူ့ကိုစစချင်းမှာပင် လျှပ်စစ်လက်ကိုက်တုတ်စာ ကျွေးလိုက်သည့် သူနှင့် တစ်ယောက်တည်းဖြစ်သည်။
လုရန်ခုန်း မတ်မတ်ရပ်လိုက်ကာ စကားပြောနေသည်ကို ရပ်လိုက်မှသာ သူ့ခေါင်းကို ပြန်လှည့်သွားပြီး စိတ်မဝင်စားသည့် ပုံစံဖြင့် ဆက်ပြောသည်။
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation