Chapter 12

192 30 0
                                    

အခန်း ၁၂ - အမှီလိုက်ရခြင်း

လုရန်ခုန်း သူ့ဆီခုန်အုပ်လာသမျှ အင်းစက်တိုင်းကို တစ်ကောင်ချင်း ခုတ်ပစ်နေပြီး လန်ယွီကို လှမ်းအော်သည်။
"အရူးကေ ငါနဲ့အတူ အင်းစက်ဘုရင်ကို သတ်ဖို့လိုက်ခဲ့"

"အင်းစက်ဘုရင် ?"

"ပိုးဟပ်အကြီးကြီးလား ?"

လန်ယွီ နှလုံးသားမှာ ဆတ်ခနဲခုန်သွားသော်လည်း ပြောလိုက်သည်။

"ဒီမှာ အင်းစက်တွေအများကြီးရှိသေးတယ်။ ငါအကုန်လုံးကို သတ်ပစ်ရမယ် မင်းအခြားသူကိုရှာပြီးသွားလိုက်"
"မရဘူး အခြားသူတွေဆို ဝန်ပိသွားလိမ့်မယ်"

"ငါထွက်သွားရင်လည်း သူတို့ချည်းပဲကျန်ခဲ့မှာ အဲဒါဆိုလည်းဝန်ပိမှာပဲ"

လုရန်ခုန်း အေးစက်စက်ပြောလိုက်သည်။
"မင်းရဲ့ သီချင်းနဲ့ သူတို့ကို အားတက်အောင်လုပ်ပေးဖို့ လိုအပ်တာလား?"
လန်ယွီ ထိန်းချုပ်ကိရိယာကို အမြန်ကြည့်လိုက်ပြီး ဦးချိုပုံသင်္ကေတလေးပါသည့် ခလုတ်လေးကို နှိပ်လိုက်သောအခါ နားကွဲမတတ်ဖြစ်နေသော ရော့သီချင်းမှာ နောက်ဆုံးတော့ ရပ်သွားပြီဖြစ်သည်။

"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့တော့ ငါနဲ့လိုက်ခဲ့။ အဲ့ဒီမှာ မင်းရဲ့အရူးစိတ်တွေ ကြိုက်သလောက်ဖွင့်ချပစ်လို့ရတယ်"
လုရန်ခုန်းသူ့ဓားကို ဆွဲထုတ်ပစ်လိုက်ရာ ဓားမှာ အစိမ်းရောင်အရည်များပေကျံနေကာ အစိမ်းရောင်အရည်များမှာ သူ့ခြေထောက်ပေါ်မှ အင်းစက်အသေကောင်ပေါ်သို့ တတောက်တောက်ကျနေသည်။ ထို့နောက် လေပွေကဲ့သို့ပင် အင်းဆက်အုပ်လိုက်ကြီးထဲသို့ ဝင်သွားသည်။

"ဟေး ငါပြောတာ...."

လန်ယွီ သူ့စကားပင် ဆုံးအောင်မပြောလိုက်ရချေ။သို့ဖြစ်၍ သူ့၏ဆန့်တန်းထားသောလက်ကို တိတ်တိတ်လေးသာ ရုတ်သိမ်းလိုက်ရတော့သည်။သူ 666၏ နောက်ကျောကိုကြည့်နေပြီး ထို့နောက် သူ့နောက်ဘက်တွင် ခုတ်ထစ်တိုက်ခိုက်နေကြသော တပ်သားများကိုကြည့်ကာ သက်ပြင်းသာ ချလိုက်မိတော့သည်။

"အား......"
999 မက်ချာသည် အသံရှည်ကြီးဆွဲကာ အော်လိုက်ပြီနောက် အင်းစက်အုပ်ကြီးထဲလို့ ပြေးဝင်သွားတော့သည်။

သူ့ခြေလှမ်းများမှာ မညီမညာဖြင့်တုန်ယင်နေပြီး မျက်နှာပြင်ပေါ်တွင်လည်း နေရာစုံမှ အင်းစက်များ မက်ချာ ပေါ်သို့ ကုတ်ကပ်တွယ်တပ်နေကြသည်ကို မြင်နေရသည်။ ပြောင်လက်တောက်ပနေတဲ့ အမည်းရောင်တောင်ပံတွေ၊ ခြေချောင်းကောက်ကောက်တွေ နှင့် သံချပ်ကာလို ဝမ်းဗိုက်တွေ မြင်ကွင်းရှေ့ပေါ်လာ‌သော အခါ လန်ယွီနှလုံးပင် တဆတ်ဆတ်တုန်သွားသည်။ ထို့ကြောင့် သူလုပ်နိုင်သောအရာမှာ ပြေးသည်နှင့် ဓားရှည်ကို ဝေ့ရမ်းရင်း ထိုအင်းစက်များကို သတ်ရုံသာရှိသည်။

"မင်း မပျံနိုင်ဘူးလား"

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now