Chapter 2

299 28 0
                                    

အခန်း ၂ - စစ်ပွဲ ရုပ်ရှင်ကဲ့သို့ သရုပ်ဆောင်ခြင်း

ကာတာကြယ်တာရာမြို့၏ မြို့လယ်ခေါင်ရှိ ကုန်တိုက်၏ အပြင်ဘက်တွင် ရဲကားမြောက်များစွာ တန်းစီရပ်ထားပြီး ပင်မအဝင်ဝကြီးတစ်ခုလုံးကိုလည်း အကာအရံများဖြင့်ကာစီးထားသည်။ လမ်းမတစ်ခုလုံးတွင်လည်း ဝင်ရောက်ကြည့်ရှုသူများနဲ့ ပြည့်နှက်နေသည်။

“အကုန်လုံး နေရာအသီးသီးကို လူစုခွဲပေးကြပါ”
“ကုန်တိုက်ထဲမှာ ဗုံးရှိနေပါတယ်၊ ကိုယ့်အသက်ကိုယ် နှမြောတဲ့အနေနဲ့ ဒီနေရာကနေ ဝေးဝေးနေပေးကြပါ” 

အော်လန်တစ်ခုကိုကိုင်ထားလျက် ရဲအရာရှိတစ်ယောက်ကအဆက်မပျက် သတိပေးနေသည်။ သို့သော် သူမည်သည့်အရပ်သို့ သူမျက်နှာမူလိုက်မူလိုက် လူအုပ်ကြီးကထိုအရပ်သို့သာ လူးလွန့်လှုပ်ရှာလျှက် လိုက်နေကြသည်။

“စောက်ကျိုးနည်း၊အထဲမှာရော ဘယ်လိုလဲ ငါအော်နေတာတစ်နာရီလောက်တောင်ရှိပြီဆိုတော့ ငါ့အသံတွေတောင်အက်နေပြီ”

ရဲအရာရှိသည် သူ့လက်ထဲမှာ အော်လန်ကိုလက်ထဲမှချတာ သူ့ဘေးမှလူကိုမေးလိုက်သည်။
“ဘာမှမထူးခြားသေးဘူး အပေါ်ဆုံးထပ်မှာ ဗုံးထောင်ခံထားရတဲ့ ဓားစာခံတော်တော်များများရှိနေတုန်းပဲ၊ လူသတ်သမားက ဝင်ပေါက်တစ်ခုထဲမှာ စောင့်နေပြီး အပေါ်ကိုတစ်ယောက်ယောက်တက်ရဲတာနဲ့ သူဗုံးကိုဖောက်ခွဲပစ်မယ် လုပ်နေတာ”

အော်သံကြီးတစ်ခု လူအုပ်ထဲမှာထွက်လာသည်။
“ဆရာ ကျွန်မသမီးလေးကိုကယ်ပေးပါဦး သူအခုထိအထဲမှာပဲရှိသေးတယ် ထွက်မလာသေးဘူး”

လမ်းမပေါ်တွင် မိန်းမကြီးတစ်ယောက် ထိုကဲ့သို့ အော်ဟစ်ငိုယိုနေလျှက်ရှိပြီး ရဲဝန်ထမ်းများဆီမှ ထိန်းသိမ်းခံလိုက်ရသည်။ တခြား‌နေရာအနှံ့မှစိုးရိမ်တကြီး အော်ဟစ်သံတွေလည်း ပျံ့နှံလာသည်။

“ရဲ တွေက ကူညီမှာလား မကူညီဘူးလား တော်တော်တောင်ကြာနေပြီ ခုထိဘာအရေးယူမှုမှ မလုပ်နိုင်သေးဘူး ‘’

“ဟုတ်တယ် မလုပ်နိုင်ဘူးဆိုရင်လည်း စစ်တပ်ကို အကြောင်းကြားပြီး ဗိုလ်ချုပ်ကေကိုသာ လာခိုင်းလိုက်တော့”

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now