“ဒီပန်းချီထဲက အချိန်က နေ့တစ်နေ့ရဲ့ ဘယ်အချိန်လို့ မင်းထင်လဲ?”
လုရန်ခုန်း မေးလိုက်သည်။
“ဒါပေမယ့် နေရဲ့ အလင်းရောင်က ဘယ်ဦးတည်ရာကနေ လာနေတာလဲ?”
လန်ယွီ အနီးကပ် သေချာကြည့်လိုက်မှ သတိထားမိသည်။ လေလာရာဘက်မှ ကျလာသော အလင်းတန်းများမှာ ဦးတည်ရာ နှစ်ခုသို့ မျက်နှာမူသွားသည်။
သူမေးမည်ကို မစောင့်ဘဲ လုရန်ခုန်းမှ ရှင်းပြသည်။“ဆာစုဂြိုဟ် system မှာ ဒီလိုဂေဟစနစ်မျိုးရှိတဲ့ ဂြိုလ်လေးခုပဲရှိတယ်။အဲ့ဒီလေးခုထဲမှာမှ ခိုင်ဂျူလို့ ခေါ်တဲ့ ဂြိုဟ်မှာပဲ ပိုအေးတဲ့ နေနှစ်စင်း ဖြစ်နေပြီး အချိန်တိုင်း နေ့ဘက်ဖြစ်နေတာ။ မနက်နေထွက်ချိန်နဲ့ နေဝင်ချိန်ဆို ကောင်းကင်မှာ နေနှစ်စင်း ရှိနေတဲ့ လှပတဲ့ မြင်ကွင်းကို ကြည့်လို့ရတယ်”
လန်ယွီမှာ ဘယ်သူမှ ခိုင်ဂျူဂြိုဟ် အကြောင်း ပြောသည်ကို မကြားဖူးခဲ့ချေ။ ထို့ကြောင့်သူ ဆာစုဂြိုဟ် systemထဲမှာ ခိုင်ဂျူဂြိုဟ်ရှိသည်ကိုပင် မသိရာ တိတ်ဆိတ်နေပြီး သူ၏ အမူအရာမဲ့ အေးစက်စက်ပုံစံ အတိုင်း ဆက်ထိန်းထားလိုက်သည်။
လုရန်ခုန်း သက်ပြင်းချလိုက်ပြီး“မင်းခေါင်းထဲမှာ ဘာမှမရှိမှန်း ငါသိတယ်။ ဆာစုဂြိုဟ် systemနဲ့ လွန်တန်ဂြိုဟ် system ကြားမှာ အာကာသဆက်ကြောင်းရှိတယ်။ အဲ့ဒါရဲ့ ထွက်ပေါက်က ချီချုဂြိုဟ် ပိုင်နက်ထဲမှာ။ လွန်ခဲ့တဲ့နှစ်တစ်ရာက လွန်တန်ဂြိုဟ်ကလူတွေကို မောင်းထုတ်လိုက်တော့ ဆက်ကြောင်းကိုလည်း ပိတ်လိုက်ပြီး ဂြိုဟ်ကိုလည်း ချိတ်ပိတ်လိုက်တယ်။ ဒီပန်းချီထဲမှာပါတဲ့ ဂေဟစနစ်ကလည်း အရမ်းသဘာဝကျပြီး ငါမြင်ဖူးတာနဲ့ တော်တော်ဆင်တယ်။ ဒီပုံဘယ်လိုဖြစ်လာတာလဲကို မင်းဘယ်လို ထင်လဲ?”
လန်ယွီ ကြိတ်၍ ရှုပ်ထွေးနေရာမှ အသိဉာဏ်တစ်ခု ရုတ်တရက် ပေါ်လာ၍ သူ့မျက်လုံးများမှာ တောက်ပသွားသည်။
“မင်း နောက်ဆုံးတော့ နားလည်ပြီပေါ့။ ဆက်ကြောင်းကနေ လွန်ခဲ့တဲ့ခြောက်လ တိတ်တဆိတ် ဖြတ်လာတဲ့ လွန်တန်ဂြိုဟ်ကလူသာ ခိုင်ဂျူဂြိုဟ် ပုံစံကို မြင်ဖူးမှာ”လုရန်ခုန်း ပြောလိုက်သည်။
“ဒါဆို လင်လင်က လွန်တန်ဂြိုဟ်ကလူပေါ့”
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation