Chapter 16

202 26 0
                                    

အခန်း ၁၆ - တော်တယ် ကလေးမ

လုရန်ခုန်း လန်ယွီလှေကားဘက်သို့ ခေါင်းစောင်းကာ ကြည့်နေသည်ကို မြင်သောအခါ သူပါ ထိုနေရာသို့ လိုက်ကြည့်လိုက်သည်။

ဝမ်ဝေသည် တာမီနယ်မှတဆင့် အရာရှိIDကတ်တွေကို စစ်လိုက်ပြီး သူတို့သည် အစစ်အမှန်အရာရှိများ ဖြစ်သည်ကို အတည်ပြုပြီးမှသာ သူ့အမူအရာမှာ နည်းနည်း စိတ်သက်သာရာ ရသွားပုံပေါ်သည်။

"ဟိုင်း ညီမလေး မင်္ဂလာညနေခင်းပါ"

လုရန်ခုန်း ကလေးမလေးဘက်သို့ လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်ပြီး ဝမ်ဝေဘက်သို့ လှည့်ကာမေးသည်။

"ခင်ဗျား သမီးလေးလား"

ဝမ်ဝေ တောင့်တင်းသွားပြီး သူ့ခေါင်းကို လှေကားဘက်သို့လှည့်ကာ ကြည့်လိုက်၍ စိုးရိမ် ပူပန်စွာဖြင့် ပြောသည်။

"ဘယ်သူကနင့်ကို အပြင်ထွက်လာဖို့ပြောလို့လဲ? အထဲပြန်ဝင်..."

ကလေးမလေး၏ ဂါဝန်မှာ ရှည်လွန်း၍ ကြမ်းပြင်ထိပုံကျနေပြီး အလွန်ဟောင်းနွမ်းနေပြီဖြစ်သော ယုန်ရုပ်လေးတစ်ခုကိုင်ထားသည်။သူသည် ဝမ်ဝေ၏ စကားကို အရေးမလုပ်ဘဲ အောက်ထပ်သို့သာ မလှုပ်မယှက်ဖြင့် စိုက်ကြည့်နေသည်။

"ဝမ်စစ်မြောင် နင့်အခန်းထဲကို အခုချက်ချင်း ပြန်ဝင်"
ဝမ်ယွီ ဒုတိယထပ်ကို လက်ညှိုးထိုးကာ အော်လိုက်သည်။

"လီဟန်! လီဟန်! ဝမ်စစ်‌မြောင်ကို သူ့အခန်းထဲပြန်ခေါ်သွား"
အပေါ်ထပ်မှ အခန်းတံခါးဖွင့်သံကြားလိုက်ရပြီး ကော်ဖီရောင် ဂါဝန်ရှည်ဝတ်ထားသည့် အမျိူးသမီးတစ်ယောက် အလျင်စလို ထွက်လာသည်။ သူသည် ဝမ်ဝေဆီသို့ အနည်းငယ် အပြစ်တင်ဟန်ပါသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လုရန်ခုန်းနှင့် လန်ယွီရှိရာဘက်သို့ လှည့်ကာ တောင်းပန်သည့် ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ သူသည် ကလေးမလေး၏လက်ကိုဆွဲကာ အခန်းထဲသို့ပြန်ဝင်ရန် လှည့်လိုက်သည်။


အမျိုးသမီးဝမ်သည် သူ့လမ်းကြောင်းမှ ရပ်လိုက်ကာ ဝမ်ဝေကို လှမ်းကြည့်သည်။

လုရန်ခုန်း သူ့ခေါင်းကို ထို့ဘက်သို့ငဲ့ကြည့်ကာ ပြုံးပြလိုက်ပြီး

"အမျိုးသမီးဝမ်နဲ့ ကလေးလည်း ထွက်လာပြီဆိုမှတော့ အောက်ထပ်ကိုဆင်းခဲ့ပေးပါလား ပြီးတော့ မေးခွန်းနည်းနည်းလောက်မေးလို့ရမလား? အိမ်ထဲမှာ အင်းစက်ကောင် ပုန်းနေတယ်ဆိုတာက ပေါ့သေးသေး ကိစ္စမဟုတ်ဘူးဆိုတာတော့ သိတယ်မလား ကျွန်တော်တို့လည်း သေသေချာချာ စုံစမ်းပြီး တတ်နိုင်သလောက် မြန်မြန်ဖမ်းရမယ်လေ"

"အင်းစက်"

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now