အခန်း ၂၀ - လွန်တန်ဂြိုလ်မှ လူကိုဖမ်းခြင်း
လုရန်ခုန်း စကားပြောရန် အချိန်ပင်မရလိုက် အသင့်ဖြစ်နေသော ကားသမားသည် ချက်ချင်းစက်ကိုနှိုးကာ နောက်ပြန်လှည့်လိုက်ပြီး ကားမှတ်တိုင်သို့ ပြိုင်ကားလိုအရှိန်ဖြင့် ပြန်မောင်းသွားသည်။
"အခု တံခါးဖွင့်လို့ ရပြီလား?"သူလန်ယွီကို အသံနက်နက်ဖြင့်မေးပြီး နောက်ကြည့်မှန်မှတဆင့် ခရီးသည်များကို ကြည့်လိုက်သည်။ သူ့အကြည့်များမှာ သိန်းငှက်အကြည့်ကဲ့သို့ပင် စူးရှနေသည်။
"ခဏနေဦး"လန်ယွီ ပြောလိုက်သည်။
"အကုန်လုံးမတ်တပ်ရပ်ပြီး အလှည့်ကျ ရှေ့ကိုလာ ပြီးရင် မင်းတို့ရဲ့ တာမီနယ်တွေကို ပေး ငါတို့မင်းတို့ရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သတင်းအချက်အလက်တွေ သိဖို့လိုတယ်"
သူလုရန်ခုန်းနားသို့ နီးနီးကပ်ကပ် တိုးသွားလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ငါသူတို့ရဲ့ ခရီးသွားမယ့်နေရာကို ခရီးသွားလက်မှတ် မီတာကနေ စစ်လိုက်မယ် မင်းကသူတို့ကိုမေးပြီး သူတို့ခရီးသွားမယ့်နေရာကို ငါနဲ့လာအတည်ပြု။ ငါ့အဖြေနဲ့ မတိုက်တဲ့လူမှန်သမျှ လွန်တန်ဂြိုလ်ကလူပဲ။ ပြီးတော့ ကားသမားကိုလည်း သေချာကြည့်ထား သူတအား စိတ်အားထက်သန်တဲ့ ပုံပေါက်နေတာက သူဟန်ဆောင်နေသလိုပဲ"
ထိုသို့ ပြောပြီးသည်နှင့် သူအနည်းငယ် ပြုံးလိုက်ပြီး"မင်းရဲ့ ဖြေရှင်းပုံကလည်း ဆိုးတော့မဆိုးပါဘူး"
လုရန်ခုန်း ခဏလောက် တောင့်တင်းသွားသည်။ ထို့နောက် သူ့လက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကိစ္စသေးသေးလေးပါ"
ပထမဆုံး အိုမီဂါ ကျောင်းသူလေး နှစ်ယောက် ထွက်လာပြီး လန်ယွီဆီသို့ တာမီနယ်ကို ထုတ်ပေးပြီး မရပ်မနား ခိုးကြည့်နေမိကြသည်။ သူတို့အမြင်တွင် ကေသည် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း သူ့မျက်နှာသည်သာ အေးစက်စက် အမူအရာဖြစ်နေပြီး သတင်းထဲတွင် တွေ့ရသလောက် လူမဆန် ရက်စက်သည့် ပုံတော့ မပေါက်ပေ။ သူသည် တည်ငြိမ်ကာ အလွန်ကြည့်ကောင်းသော အယ်လ်ဖာ ဖြစ်သည်။
"ကာနယ်ကေ တာမီနယ် နံပါတ်လေးထည့်ပေးလို့ရမလား? ဒါမှမဟုတ် တပ်စခန်းကို လာလည်လို့ရလားဟင်? "
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation