Chapter 22 (pt 2)

198 39 0
                                    

ခေါင်းပြောင်အကျဉ်းသား၏လက်မှာ လည်ပင်းမှ ချိန်းကြိုးကို ဆွဲဖယ်နေသော်လည်း မလုပ်နိုင်ရာ  သူသံတိုင်အဟ နေရာသို့ လှမ်းကန်ပြန်သည်။ သို့သော် သူအပြင်မှ လူထံမှ ဒူးဖြင့် ဆောင့်ကန်ခံလိုက်ရသည်။

ဂျွတ်ဆိုသော အသံနှင့်အတူ သူလှုပ်ရှားလိုက်သည်နှင့်  သူ့ခြေထောက်မှာ ကျိုးသွားပြီ ဖြစ်သည်။

ခေါင်းပြောင်မှာ နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သူအရူးလို အော်ဟစ်နေချင်သော်လည်း သူ့လည်ပင်းမှာ အချုပ်ခံထားရ၍ ဘာစကားမှ မပြောနိုင်ပေ။ သူ့လျှာမှာ သူ့ပါးစပ်မှ ရှည်ထွက်နေပြီး သူ ဝူးဝူးဝါးဝါး အသံများသာ ထွက်နိုင်သည်။

သို့သော် သူ့အသံအနေအထားမှာ ပြောင်းသွားပြီဖြစ်သည်။ စိတ်လှုပ်ရှားမှုတို့ မရှိတော့ဘဲ  နာကျင်မှုနှင့် ကြောက်ရွံမှု အပြည့်ဖြင့်သာ ဖြစ်သည်။ သူမျက်လုံးမှေးများဖြင့် လန်ယွီကို ကြည့်လိုက်ရာ စိတ်တိုနေသော မျက်နှာလှလှမှ အမူအရာမှာ အလွန်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းသည်။
___ပြင်းပြင်းထန်ထန် စိတ်ခံစားမှုကြောင့် သူ့မည်းနက်နက် မက်မွန်ပွင့်မျက်ဝန်းများမှာ အနည်းငယ် ကျယ်နေပြီး သွေးဆာမှုများဖြင့် ပြည့်နေသည် ။သူ့မျက်နှာမှာ အမူအရာကင်းမဲ့နေသော်လည်း ရက်စက်ကြမ်းကြုတ်တာ သေခြင်းတရားကို စွဲလမ်းနေသလိုပင်။

“မင်းသေသွားရင် အရမ်းကြည့်ကောင်းမှာပဲ”

လန်ယွီ နူးနူးညံ့ညံ့အသံဖြင့် ထိုလူ၏ နားနားသို့ ကပ်ပြောလိုက်သည်။သူ့အေးစက်စက် အသံမှာ ပျံ့နှံ့သွားရာ ပတ်ပတ်လည်မှ ထောင်သားများထံမှ အော်ဟစ်ဆူညံနေမှုများ ရပ်သွားပြီး သူတို့ ကျောထဲ အေးစိမ့်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

ထိုအဖြစ်အပျက်မှာ မြန်မြန်ဆန်ဆန် ဖြစ်ပွားသွားခြင်းဖြစ်ရာ ထောင်စောင့်နှစ်ယောက် တုံ့ပြန်မည့်အချိန်တွင် ခေါင်းပြောင်မှာ မျက်လုံးများပင် လည်နေပြီဖြစ်ပြီး သူ့ဘောင်းဘီထဲမှ အရည်များစီးကျလာရာ ခပ်ညှီညှီအနံတစ်ခု ထွက်လာသည်။

ထောင်စောင့်တစ်ယောက်မှာ သူ့ဝီစီကို အဆက်မပြတ်မှုတ်နေပြီး အခြားတစ်ယောက်မှာ ပြေးလာပြီး လန်ယွီလက်များကို ဆွဲဖြုတ်နေရင်း

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now