အခန်း ၁၅ - မိန်းမငယ်လေး
"စစ်တပ်ဌာနက ဒီလို ညလယ်ကြီးမှာ ဘာများစစ်စရာရှိလို့လဲ? မင်းတို့မှာမေးစရာရှိရင်လည်း လုံခြုံရေးတွေဆီ သွားမေးကြ"ဆက်သွယ်ရေး ကိရိယာမှ အမျိုးသားတစ်ယောက်၏ စိတ်မရှည်သောအသံထွက်လာပြီးနောက် ချက်ချင်းချသွားသည်။
လန်ယွီ တံခါးမှ ဘဲလ်ကို ထပ်တီးလိုက်သည်။ သူ့လက်ချောင်းလေးကို ထိုပေါ်တင်ထားလိုက်ပြီး အဆက်မပြတ် နှိပ်နေသည်။
တင်....တင်....တင်....တင်
"မင်းကတော့ မြွေကိုစကားသွားပြောနေတာပဲ ငါတို့မှာ ဘယ်သူ့အိမ်ကိုမှ ဝင်ဖို့ ဝရမ်းမပါဘူး"လုရန်ခုန်း အသံနိမ့်နိမ့် ဖြင့် ဒေါသတကြီးပြောသည်။
လန်ယွီ ဘာမှပြန်မပြောဘဲ တံခါးဘဲလ်ကို အဆက်မပြတ် နှိပ်နေသည့် သူ့လက်ကိုသာ နားလိုက်သည်။
ခေါ်ဆိုသူသည် ပေါ်လာပြန်ပြီး အမျိုးသားတစ်ယောက်၏ အော်သံထွက်လာသည်။
"ငါက ကာတာဂြိုဟ်မှာရှိတဲ့ အိုမာအင်ပါယာ စစ်တပ်ဌာနချုပ်က တပ်ရင်းနှစ်က ကာနယ်ကေ ပြီးတော့ ငါအခုမင်းကို တစ်မိနစ်အတွင်း တံခါးဖွင့်ပေးဖို့ ပြောနေတာ မဟုတ်လို့ကတော့ ငါ့ရဲ့ စစ်တပ်တာဝန်ကို အနှောင့်အယှက်ပေးရင် မင်းဖြစ်လာမယ့်ကိစ္စတွေအတွက် တာဝန်ယူရလိမ့်မယ်"လန်ယွီ အေးစက်စက်အသံဖြင့် ထိုယောက်ျားပြောနေသည်ကို ဖြတ်ပြောလိုက်ပြီး သူ့ IDကတ်ကို ဆွဲထုတ်ကာ ကင်မရာရှေ့သိုပြလိုက်သည်။
"ငါ ရဲကို ချက်ချင်း ဖုန်းခေါ်မယ် အခုချက်ချင်းပဲ ရဲကိုဖုန်းခေါ်မယ် ပြီးတော့မင်းရဲ့ အထက်လူကြီးကိုလည်း..."
လန်ယွီ သူ့ရဲ့ IDကို ပြန်ယူလိုက်ပြီး သူ့သေနတ်ထည့်သည့်အိတ်မှ သေနတ်ကို တိတ်ဆိတ်စွာထုတ်လိုက်ပြီး လုရန်ခုန်း၏ ကြက်သေသေနေသော အကြည့်အောက်မှာပင် မောင်းပေါ်လက်တင်ကာ ရုပ်မြင်နိုင်သော ဆက်သွယ်ရေးကိရိယာပေါ်သို့ပစ်ချလိုက်သည်။ ဘန်း ဆိုသောအသံတစ်ချက်နှင့်အတူ ကိရိယာ၏ ပလက်စတစ်ဘောင်မှာ ကွဲထွက်သွားပြီး ဂျစ်ဂျစ်ဟူသော အသံနှစ်ချက် ပေါ်လာပြီးနောက် ဘာလှုပ်ရှားမှုမှ မရှိတော့ချေ။
သူသေနတ်ကို သူ့ခါးနောက်ဘက်သို့ ပြန်ထားလိုက်ပြီး သူ့တိုက်ပွဲဝတ်စုံမှ ခေါက်ရာကို ဆန့်လိုက်ကာ အနည်းငယ်မျက်မှောင်ကြုတ်လျက် လုရန်ခုန်းကို ပြောလိုက်သည်။
ဗီလာအပေါ်ထပ် လှေကားမှ တဒုန်းဒုန်း အသံထွက်လာပြီးမှ မြေညီထပ်တွင် မီးရောင်လင်းလာသည်။တံခါးပွင့်လာပြီးနောက် အညိုရင့်ရင် ရေချိုးဝတ်စုံဝတ်ထားသော လက်ပြင်ကိုင်းကိုင်းဖြင့် ပိန်ပိန်ပါပါး အမျိုးသားတစ်ယောက် ထွက်လာသည်။ အသက်လေးဆယ် ဝန်းကျင်လောက်ရှိပြီး ဝတ်စုံမှ ခါးစည်းကြိုးကို ချည်ရင်းဖြင့် ခပ်မြန်မြန်ထွက်လာသည်။
"မင်းဒီလိုလုပ်တာ တရားမဝင်ဘူးနော် စစ်တပ်ကဖြစ်နေရင်တောင် လူတွေရဲ့ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ဝင်ရောက်စွက်ဖက်လို့မရဘူး!"
ထိုအမျိုးသားသည် အလွန်ဒေါသထွက်နေ၍ အသံအနိမ့်အမြင့်မှာ ပြောင်းနေသည်။
လန်ယွီ ဒုတိယထပ်တွင် အမျိုးသမီးတစ်ယောက် ပြတင်းပေါက်ကို တွန်းဖွင့်ကာ ထိုနောက်တွင်ရပ်၍ အောက်ဘက်သို့ ငုံ့ကြည့်နေသော နေရာသို့ စိုက်ကြည့်လိုက်သည်။
"တံခါးဖွင့်"
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation