“ရှင်တို့ နှစ်ယောက်လုံးက လွန်တန်ဂြိုဟ်က လူကို ဖမ်းတဲ့ ကာလတစ်လျှောက်လုံးကို အပြည့်အဝ သရုပ်ဖော်ပြပြီးပြီဆိုတော့…”
“စစ်ဆင်ရေးရဲ့ အကြောင်းအရာ”လုရန်ခုန်း ရုတ်တရက် ထပြောပြီး ကျန်းကျီ၏ စကားကို ဖြတ်ပြောလိုက်သည်။
ကျန်းကျီ ခနရပ်သွားပြီးမှ ဆက်ပြောသည်။“ဆာစုဂြိုဟ် system မှာ အပြစ်သားတွေကို အပြစ်ကျွေးဆပ်ဖို့အတွက် လူသူကင်းမဲ့တဲ့ ဂြိုဟ်မှာထားတယ်။ဒါဆိုရင်ရှင်းလောက်ပြီ ထင်တယ်”
လုရန်ခုန်းပြောလိုက်သည်။
“ဟုတ်တယ် ချွီယဂြိုလ်မှာရှိတဲ့ ချွီယထောင် အဲ့ဒါက အပြစ်သားတွေ နယ်နှင်ဒဏ်ပေးခံရတဲ့ သဘာဝအကျဆုံး အကျဉ်းထောင်ပဲ ။ဒီလောက်နှစ်တွေအတွင်း အကျဉ်းသား တစ်ယောက်မှ မလွတ်သွားဖူးဘူး”
“မစ်ရှင်ရဲ့ အကြောင်းအရာကိုပြော”လုရန်ခုန်း စိတ်မပါသောပုံဖြင့် ဝင်ဖြတ်ပြော ပြန်သည်။
ကျန်းကျီ မျက်နှာမှာ သုန်မှုန်သွားပြီး လုရန်ခုန်းကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
“လွန်ခဲ့တဲ့ တစ်လလောက်က ချွီယထောင်ရဲ့ အယ်လ်ဖာဥမင်မှာ ထူးထူးဆန်းဆန်း အစိမ်းရောင်အရည်တွေ တွေ့ခဲ့ရတယ်”
“လွန်တန် ဂြိုဟ်ကလူ”
ကျန်းကျီ ဘာစကားမှမပြောဘဲ သူ့ခေါင်းကို ထောင့်စွန်းဘက်သို့ လှည့်ကာ ကြည့်နေသည်။ သူခေါင်းကို လှည့်လိုက်ချိန်တွင် သူ့လည်ပင်းတွင် အယ်လ်ဖာ ဂလန်း ကပ်ခွာ ကပ်ထားသည်ကို လန်ယွီ တွေ့လိုက်သည်။
စက္ကန့် အနည်းငယ် ကြာပြီးမှ သူပြန်လှည့်လာကာ ပြောသည်။
“ထောင်က အစိမ်းရောင်အရည်တွေကို စစ်ကြည့်တော့ အဲ့ဒါ လွန်တန်ဂြိုဟ်ကလူရဲ့ သွေး မတွေ့ခင်တစ်ရက်လောက်ထဲက မြေပြင်ပေါ် ကျထားတာတဲ့”သူဒီနေရာတွင်ပင် ရပ်လိုက်ပြီး ဆက်မပြောခင် ဘယ်သူမှ ဖြတ်မပြောတာ သေချာမှ
“လွန်တန် ဂြိုဟ်ကလူက ဘာလို့ အဲ့ဒီကို ရောက်နေတာလဲ သေချာမသိသေးဘူး ပြီးတော့ ဒဏ်ရာရပြီး သွေးတောင်ထွက်နေသေးတယ် ဒါပေမယ့် အဲ့ဒီမတိုင်ခင်တစ်ရက်က အယ်လ်ဖာ ဥမင်မှာ တူးဖော်မှု တစ်ခုလုပ်တယ် လွန်တန်ဂြိုဟ်က လူက အဲ့ဒီထဲမှာ ပါနေတာ ဖြစ်နိုင်တယ်”
“စစ်တပ်ဌာနက ငါတို့ကို အဲ့ဒီကိုသွားပြီ လွန်တန်ဂြိုဟ်ကလူကို ခေါ်ထုတ်စေချင်တာလား”
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation