Chapter 6

222 27 0
                                    

အခန်း ၆ - အရှက်ကင်းမဲ့လိုက်တာ

လန်ယွီမြေပြင်ပေါ် ခြေထောက်ချချခြင်းပင်  စိတ်လှုပ်ရှားနေသောလူအုပ်ကြီးမှာ သူ့ဆီသို့ တိုးဝေ့လာကြသောကြောင့်  ရဲများမှာ တစ်ယောက်လက်တစ်ယောက်ချိတ်လျက် သူ့ကိုဝိုင်းကာပေးထားကြသည်။

ကာနယ်လုမျက်နှာတွင်တော့ ဖော်ရွေတတ်သောအပြုံးတစ်ခုဖြင့် ဘယ်ညာ လက်ဝှေ့ယမ်းပြနေသည်။

သတင်းထောက်များမှာ လူအုပ်ကြားထဲမှ တိုးဝှေ့ကာ သူတို့၏မိုက်ခွက်များကို ကာနယ်လုနှင့် လန်ယွီ၏ နှုတ်ခမ်းရှေ့သို့ ထိုးပေးနေကြသည်။

“ကာနယ် တစ်ခုလောက်မေးပါရစေ ခုနက ဗုံးကိုကျောပေါ်မှာ သယ်ပြီးပြေးတုန်းက နောက်ဆက်တွဲဖြစ်နိုင်တာတွေကိုရော ထည့်စဉ်းစားမိလားဗျ” 

“ကြောက်စိတ်ဝင်မိသေးလား၊ အခုလို အသက်ကယ် ရုပ်ရှင်လိုမျိုးစွန့်စားနိုင်ဖို့ ဘယ်လိုခွန်အားတွေကများ လုပ်ပေးတာလည်း”

“ရေလယ်ကို ဗုံးပစ်ချမယ်ဆိုတာ  ကာနယ်‌ကေ ရဲ့အကြံလားဗျ”

လန်ယွီ အကြည့်တော့မလွှဲပေမယ့်  မေးကို အထက်စီးဆန်ဆန်မော့ထားကာ ရှေ့သို့ဆက်လျှောက်နေသည်။ ထို့နောက် သူ့ရှေ့မှ မိုက်ခွက်များကို လက်ဖြင့်တွန်းထုတ်ကာ  အိတ်ကပ်ထဲမှာ လက်ကိုင်ပဝါ အသစ်တစ်ထည်ထုတ်၍  သုတ်လိုက်ပြီး လွှင့်ပစ်လိုက်သည်။

သူ့ဘေးမှ လူအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားကာ ဟိုဘက်ခြမ်းဒီဘက်ခြမ်း နှစ်ခြမ်းခွဲ၍ လမ်း‌ဖယ်ပေးကြသည်။ထို့နောက် အနောက်တွင် သူ့နောက်ကျောကို လေးစားကြောက်ရွံ့သော အကြည့်များနှင့်ကြည့်ရင်း ကျန်ခဲ့ကြသည်။

ကာနယ်လု လက်ထဲတွင် မိုက်ခွက်များစွာရှိနေပြီး  လည်ချောင်းရှင်းလိုက်ကာ တည်ငြိမ်သောအသံဖြင့်ဖြေသည်။

“စစ်သားတစ်ယောက်အနေနဲ့ တာဝန်‌ထမ်းဆောင်ရင်း ကိုယ့်အသက်ကို စွန့်လွှတ်နိုင်ရမှာပါ ပြီးတော့ နောက်ဆက်တွဲဖြစ်လာနိုင်တာတွေကို စဉ်းစားဖို့လည်း အချိန်မရှိပါဘူး ၊ ပြီးတော့ နောက်မှာအကူအညီလိုနေတဲ့ လူထောင်ပေါင်းများစွားရှိနေတယ်ဆိုတဲ့အတွေးက ကြောက်စိတ်ကို ပျောက်စေပါတယ်”

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now