အခန်း ၄ - တော်လိုက်တဲ့ အရူး
အယ်လ်ဖာလူငယ်လေးသည် လန်ယွီအား မသိလိုက်မသိဘာသာ ဖြတ်သွားကာ အလောင်းကောင်နားတွင် သွားရပ်သည်။ထို ဖြစ်စဥ် တလျှောက်လုံး သူ့ဘက်သို့ တစ်ချက်မှ မကြည့်သွားခဲ့သော်လည်း သရုပ်ဆောင်ကောင်းတစ်ယောက်၏ ဇာတ်ကောင်အပေါ်နားလည်အကဲခတ်တတ်သည့် စွမ်းရည်အရ လန်ယွီကောင်းစွာသိသည်မှာ ထိုလူသူ့ကို သေချာပေါက်သိနေသည် ဆိုတာပင်ဖြစ်သည်။
ဘယ်လိုလူကများ ဓားစာခံများကိုတော့ စူးစမ်းလေ့လာနေခဲ့ပြီ ယူနီဖောင်းဝတ်ထားသည့် အရာရှိတစ်ယောက်ဖြစ်သည့် သူ့ကိုတော့ မရှိသည့်လူလိုသဘောထားကာ လျစ်လျူရှုထားမည်နည်း။
ဒီလူကသိပ်ချောသည်။သူ့အသားအရေမှာလည်း သူမျက်နှာပေါင်းတင်ကပ်ခွာ ကပ်ပြီးလျှင် အသုံးပြုသည့် အဖြူရောင်ကျောက်စိမ်းကဲ့သို့ပင် ချောမွေ့နေသည်။
ကေ နဲ့ ထိုယောကျာ်းသည် အတူတူပင်ဖြစ်သည်။ လူတိုင်းကို ရူးသွပ်သွားအောင် လုပ်နိုင်သည့် ရုပ်ရှင်သရုပ်ဆောင်များကဲ့သို့ပင် ကြည့်ကောင်းကြသည်။
မဟုတ်ရင် သူ၏ရက်စက်ကြမ်းကြုတ်ပြီး အကြမ်းဖက်တတ်သော အကျင့်ကြောင့် လူတိုင်း သူ့ဖြစ်တည်မှုကို လျစ်လျူရှုကာ နောက်တစ်ခေါက်ပြန်ကြည့်ချင်ကြမည်ကိုမဟုတ်ပေ။
အချုပ်ဆိုရရင် ကေနှင့်ထိုလူမှာ အချင်းချင်းသိနေကြသည် ဖြစ်မည်။တိတိကျကျ မည်သည့် ဆက်ဆံရေးရှိသည်ဆိုသည်ကိုသာ သူမသိခြင်းဖြစ်သည်။ကေ၏ နဂိုမူလ လူမှုဆက်ဆံရေးအရဆိုလျှင်တော့ သူတို့ရန်သူတွေမဟုတ်တောင် ပြိုင်ဘက်တွေတော့ဖြစ်နိုင်လောက်သည်။ လူတိုင်းဘာသံမှ မထွက်ဘဲ လူငယ်လေး၏လှုပ်ရှားမှုကိုသာ ကြည့်နေကြသည်။
လူငယ်လေးသည် ထိုင်ချလိုက်ပြီး အလောင်းကောင်၏ အပြင်အရေပြားကို သူ့လက်များဖြင့် သွားဖိကြည့်နေသည်။ထို့နောက် ရှုံ့တွခြောက်သွေ့နေသော အစိမ်းရောင်အရေပြားအား ဆွဲခွာလိုက်ရာ အရေပြားအောက်တွင် အသွေးအသားများမရှိတော့သောကြောင့် ကြည့်ရအတော်ဆိုးသည်။
အစိမ်းရောင်အရေပြားသည် ရှည်ပြီး တော်တော်လေးပါးရာ ဟိုဘက်မှအလင်းရောင်ကို ဒီဘက်မှကြည့်ရုံဖြင့် မြင်နိုင်သည့်အပြင် အကျိအချွဲများဖြင့်လည်း စိုနေသေးသည်။
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation