အခန်း ၇ - နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း
လန်ယွီ ရေချိုးပြီး ထွက်လာသည်မှာ ကြာပြီဖြစ်သော်လည်း ရေချိုးခန်းထဲမှ အဖြစ်အပျက်ကို ပြန်တွေးမိလျှင် နှလုံးခုန်မြန်ကာ မျက်နှာတွေလောင်ကျွမ်းတော့မတတ် ခံစားနေရတုန်းပင်ဖြစ်သည်။
ဒါက စိတ်ပညာအရ ပုံမှန် အခြေခံ ခန္ဓာကိုယ်လိုအပ်ချက်ဆိုတာသူသိသည်။ ထိုသူသည် ငယ်ရွယ်သော အယ်လ်ဖာအမျိုးသားတစ်ယောက် ဖြစ်နေသေးသည့်အပြင် သူကိုယ်တိုင်လည်း စိတ်ပင်ပန်းမှုတွေပြေပျောက်စေရန် သူ့ဘာသာသူ ဖြေရှင်းလိုက်တဲ့ အခါမျိုး မကြာမကြာရှိခဲ့ဖူးတာပင်ဖြစ်သည်။
ဒါပေမယ့် တစ်ခုရှိတာက သူတကယ်ကြုံတွေ့ရသည်မှာ နံရံကပါးလွှာနေတယ်ဆိုတာကို ထည့်မပြောနဲ့ဦး အသံချဲ့စက်နဲ့ ဖွင့်သလို ညည်းသံကျယ်ကြီးကို သူ့နားဖြင့်ကြားလိုက်ရခြင်းဖြစ်သည်။
သူမီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်နေတဲ့အချိန်ထိကို တုန်တုန်ယင်ယင်ဖြစ်နေတာတွေ မပျောက်သေးဘူးဖြစ်သည်။
စစ်စခန်းတွင် ညစာစားချိန်မှာ ညနေခြောက်နာရီဖြစ်သည်။ တစ်ခါတလေသူ ထမင်းစားဆောင်ထဲသို့ သွားစားတတ်သော်လည်း သူသွားမစားချင်သော အခါမျိုးတွင် ခုန်းဖေက သူ့အခန်းထဲထိ လာပို့ပေးသည်။
ဒါပေမယ့် အခု ခုနစ်နာရီတောင်ထိုးနေပြီဖြစ်ရာ ညစာစားချိန်လည်း ကျော်သွားပြီဖြစ်သည်။ အစားစာတွေကလည်း သိပ်အကောင်းကြီးမဟုတ်တာကြောင့် သူ့ဘာသူချက်ဖို့သာပြင်ရသည်။
လွန်ခဲ့တဲ့နှစ်ရက်လောက်ကရေခဲသေတ္တာထဲ သူထည့်ထားသည့် ပါဝင်ပစ္စည်းတွေရှိနေသေးရာ သူကျွမ်းကျွမ်းကျင်ကျင်ပဲ အသားကင်နဲ့ အရွက်သုတ် ပြင်ဆင်လိုက်ပြီး ဝရံတာအသေးလေးမှ စားပွဲဝိုင်းလေးဆီသို့ သယ်လာလိုက်သည်။
အခန်းနံပါတ် ၃၀၃က သူ့ရဲ့အိမ်နီးနားချင်း လုရန်ခုန်းလည်း ရေချိုးပြီးပုံရသည်။ အခန်းထဲတွင် တီဗီထိုင်ကြည့်နေရာ နောက်ခံတီးလုံးသံနှင့်ရောနေသော ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးရဲ့ စကားပြောခန်းတွေကို ကြားနေရသည်။
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation