Chapter 18

213 34 0
                                    

အခန်း ၁၈ - အမျိုးသမီး ဝမ်

ဝမ်ဝေသည် စကားပြောပြီးသည်နှင့် ခြံထဲတွင် ရဲများဘာလုပ်နေသည်ကို ကြည့်ရန် ထွက်မည်အလုပ်တွင် လန်ယွီကြောင့် ရပ်တန့်သွားသည်။

"အမျိုးသမီးဝမ် ခင်ဗျားလည်းပြောပြပါဦး"

လန်ယွီ ပြောလိုက်သည်။

အမျိုးသမီးဝမ်သည် သူ့သမီးကိုလွှတ်လိုက်ကာ သူ့စကပ်စများကိုဆုတ်ချေနေရင်း ပြန်စဉ်းစားနေသည်။

"ကျွန်မက ပင်မဂြိုဟ်မှာ မွေးခဲ့ပြီး ကာတာဂြိုဟ်ကိုက ကျွန်မမိဘတွေနဲ့အတူနေဖို့ လိုက်လာတာ ကျွန်မယောက်ျားနဲ့ ပေးစားခံရပြီး လက်ထပ်ပြီး နှစ်နှစ်လောက်ကြာတော သမီးလေးတစ်ယောက်ရတယ်"
လန်ယွီ ဝမ်စစ်မြောင်ကို စောင့်ကြည့်နေရင်း နားထောင်နေလိုက်သည်။
ထိုကလေးမလေးကို သူစမြင်သည့်အချိန်ကနေ အခုထိ သူမမျက်လုံးနက်နက်များတွင် လစ်ဟာမှုသာရှိသည်။ အ‌လင်းရောင်အကုန်လုံးကို ထိုမျက်လုံးများက စုပ်ယူလိုက်ပြီး ခံစားချက်တွေ မရှိတော့သလိုပင်။

_ သူမလက်ထဲရှိ ယုန်ရုပ်ကိုလည်း ဆွဲယူမခံရအောင် ကာကွယ်ထားသေးသည်။

ဝမ်စစ်မြောင်က လွန်တန်ဂြိုလ်ကလူ ဖြစ်နေမလား?

"ကာနယ်ကေ ကျွန်မဆက်‌ပြောပြစရာရှိသေးလား?"
သူမပြောပြပြီးသောအခါ လန်ယွီ ဘာမှ မတုံ့ပြန်သည်ကို မြင်သည်နှင့် နူးနူးညံ့ညံ့လေသံဖြင့် မေးသည်။

လန်ယွီ အသိစိတ် ပြန်ဝင်လာပြီး

"မလိုတော့ဘူး..."

အမျိုးသမီးဝမ်သည် စိတ်သက်သာရာရစွာ သက်မချလိုက်ပြီးမှ ပြောသည်။

" ဒါဆို ကျွန်မ ဝမ်စစ်မြောင်ကို အပေါ်ထပ် ပြန်ခေါ်သွားလို့ရပြီလား?"

"မရဘူး..."

လန်ယွီ သူ့လက်ချောင်းကို ယမ်းပြလိုက်ပြီး
"သူလည်း ပြောရမယ်"

"သူက ဘာများပြောပြနိုင်မှာမို့လို့လဲ?"
ဝမ်ဝေ ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး အော်ဟစ် ပြောလိုက်သည်။

"မင်းမြင်တဲ့အတိုင်းပဲ သူစကားတစ်ခွန်းတောင်မပြောနိုင်တာကို"

လန်ယွီ ချက်ချင်း မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများမှာ အေးခဲနေသောဓားမြှောင် နှစ်ချောင်းကဲ့သို့ ဖြစ်နေရာ ထပ်ထွက်လာမည့် စကားလုံးများ လည်ချောင်းထဲတွင်ပင် အေးခဲကုန်ပြီး လည်ပင်း ငိုက်စိုက်ချ၍သာ ပြန်ထိုင်လိုက်ရသည်။ လန်ယွီ ထရပ်လိုက်ကာ လက်နောက်ပစ်လျက် ဝမ်စစ်မြောင်ဆီသို့ လျှောက်သွားပြီးနောက် ငုံ့ကာ စိုက်ကြည့်လိုက်သည်။

ဝမ်စစ်မြောင် မျက်လုံးများမှာ သူ့ကို ဖြတ်ခနဲကြည့်လိုက်ပြီးနောက် အဝေးတစ်နေရာသို့ အကြည့်လွှဲသွားသည်။

ဝမ်ဝေမှာ ပြောနေသည်များ ရပ်သွားပြီး အမျိုးသမီးဝမ်မှာတော့ လန်ယွီ အနည်းငယ် လှုပ်ရှားမှု လုပ်လိုက်လျှင်တောင် ဝမ်စစ်မြောင်‌နောက်ကျောကို လှမ်းဆွဲလိုက်မည်မို့ စိုးရိမ်စွာဖြင့် လှမ်းကြည့်နေသည်။

"သူဒီလိုဖြစ်တာ ဖြည်းဖြည်းချင်း ဖြစ်လာတာမျိုးလား"

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now