Chapter 17

191 27 0
                                    

အခန်း ၁၇ - အရာအားလုံး ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ

လန်ယွီ လည်ပင်းနားတွင် ချိန်ထားသော ဓားမြှောင်ကို အနည်းငယ် ဖိလိုက်ကာ ရှတတအသံဖြင့်ပြောလိုက်သည်။

"ဟုတ်ပြီ အခု မင်းနဲ့ ဦးလေးချန်ကြားက လျှို့ဝှက်ချက်လေးကို ပြောပြပါဦး ရှူး ရှူး ရှူး မလိမ်နဲ့နော် ငါက လိမ်တတ်တဲ့ ကလေးတွေကို သဘောမကျဘူး"

လျိုကျစ်သည် အော်မိတော့မလိုဖြစ်သွား၍ သူ့အသံကို အတင်းမျိုချလိုက်ပြီး ပါးစပ်ကိုပိတ်ကာ အသက်ပြင်းပြင်းရှူနေ၍ ဟောဟဲလိုက်သံများ ထွက်နေသည်။

"ပြော"

လန်ယွီစကားပြောနေ၍ အသက်ရှူထုတ်လိုက်သော လေသည် လျိုကျစ် လည်ပင်းပေါ် လျှပ်ပြေးထိနေသည်။
တစ်ချက်တွန်းလိုက်ရာ လျိုကျစ်သည် ကြောက်လန့်တကြားဖြင့်
"ကျွန်မ မှားသွားပါတယ် ကျွန်မ ဦးလေးချန်နဲ့ပေါင်းပြီး အိမ်က စီးကရက်နဲ့ အရက်တွေ တန်ဖိုးကြီးပစ္စည်းတွေကို တိတ်တိတ်လေး ခိုးမရောင်းခဲ့သင့်ဘူး။ ဒါကျွန်မ အကြံမဟုတ်ပါဘူး ဦးလေးချန်က စလုပ်ခဲ့တာပါ ကျွန်မတွေ့သွားမှ ကျွန်မကိုပါ အလိုတူအလိုပါ ခေါ်ပြီး ရလာတဲ့ ပိုက်ဆံကို တိတ်တဆိတ်လေး ခွဲပေးတာ ဒါတွေအကုန်လုံး သူ့ကြောင့်!"
"ဘာ မဟုတ်တာတွေပြောနေတာလဲ!"

ဦးလေးချန်၏ မျက်နှာမှာ ရဲတွတ်လာပြီး ရှင်းပြဖို့လုပ်တော့သည်။ သို့သော် လန်ယွီ၏ မျက်ဝန်းနက်နက်များဖြင့် အကြည့်ချင်းဆုံမိသွားသောအခါ သူချက်ချင်းပဲ သူ့စကားလုံးမျာကို မျိုချလိုက်ရသည်။

"ဒါပဲလား? ဘာမှ ထပ်ပြောစရာ မရှိတော့ဘူးလား?"


လျိုကျစ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

"ဗုဒ္ဓဟူးနေ့ညတိုင်း ဦးလေးချန်ရဲ့တူက အိမ်နီးနားက အပေါက်ဝမှာ စောင့်နေတယ် ပြီးတော့ ကျွန်မတို့ ပစ္စည်းတွေကို သူ့ဆီပို့ပေးတယ်..."

လန်ယွီ တစ်ချက်ရီလိုက်ကာ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရွရွ နှစ်ချက်လောက်ဖြစ်သွားပြီး
"ငါမင်းကို ဒီအကြောင်းတွေ မေးနေတာမဟုတ်ဘူး သေချာစဉ်းစားပြီး ကျန်တာတွေကိုဆက်ပြော"

သူ့ရဲ့ ချောမောသောမျက်နှာပေါ်တွင် အမှောင်ဘက်ခြမ်းသို့ ရောက်သော အမူအရာမျိုးပေါ်နေရာ ရူးသွပ်နေသည့် ပုံပေါက်ကာ ကြောက်မက်ဖွယ်ဖြစ်နေ၍ လူတိုင်းမှာ လေအေးများ ရှူထုတ် မိကုန်ကြသည်။

"ကျန်တာ ကျန်တာက ကျွန်မ မမလေးရဲ့ နို့တွေမခိုးခဲ့သင့်ဘူး သခင်မရဲ့ နှုတ်ခမ်းနီတွေလည်း မခိုးခဲ့သင့်ဘူး..."

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now