Chapter 5

267 26 1
                                    

အခန်း ၅ - သူ့မျိုးရိုးက လုတဲ့

လန်ယွီ သူ့ရှေ့တွင် လေးလံသောဗုံးအိတ်ကို သယ်ထားလျက်ပင် ပေါ့ပါးသွက်လက်နေသေးသောခန္ဓာကိုယ်ဖြင့် အယ်လ်ဖာ၏ ကျောပြင်ကို အနီးကပ် စိုက်ကြည့်နေမိသည်။သူသည်ယာဉ်၏ အစွန်းဘက်သို့ ခုန်တက်လိုက်ပြီးနောက် ၇မီတာ ၈မီတာလောက် အကွာအဝေးတွင်ရှိ‌နေသော အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ ခုန်ဆင်းလိုက်ပြီး ခေါင်မိုးပေါ်တွင် ဆက်ပြေးနေသည်။

သူ့မီးခိုးရောင် ရှပ်အင်္ကျီမှာ လေထဲတွင်‌လွင့်နေရာ ကျားသစ်တစ်ကောင် လျင်မြန်ဖြတ်လတ်စွာ ပြေးနေသည်နှင့်တောင်တူသည်။

လန်ယွီလည်း အရှိန်မြှင့်လိုက်ပြီး နောက်အဆောက်အအုံ၏ ခေါင်‌မိုးပေါ်သို့ ခုန်ဆင်းလိုက်ကာ အမှီလိုက်ရသည်။
ကာတာဂြိုဟ်မှာရှိတဲ့ အဆောက်အဦတော်တော်များများမှာ မုန်တိုင်းဒဏ်စိုးရိမ်ရသောကြောင့် သိပ်မမြင့်ကြ၊ အကုန်လုံး ၅ထပ် ၆ထပ်လောက်သာရှိကာ တစ်ခုနှင့်တစ်ခုလည်း နီးသည်။ ဒီမှာနေထိုင်သူဒေသခံတော်တော် များများသည် ခေါင်မိုးထပ် တွင် အဝတ်လှမ်းကြကာ အမဲရောင်သစ်သီးများကို လှီးဖြတ်ကာ အခြောက်လှမ်း၍ ဒေသအစားအစာအမဲရောင်သစ်သီးကိတ်လုပ်ကြသည်။

သူတို့နှစ်ဦးလုံးအလျင်အမြန် ကမူးရှူးထိုးသွားကြရာ လှမ်းထားတဲ့ အိပ်ရာခင်းစတွေလည်း ဝင်တိုက်မိကြ၊ အမဲရောင်အသီးခြောက်တွေလည်း ကြမ်းပြင်ပေါ်ပြန့်ကျဲလျှက် ကျန်ခဲ့သည်။ တစ်မိနစ်အတွင်း အဆောက်အဦး ၇ခု ၈ခုလောက်အပေါ် ခုန်ပေါက်ပြေးလွှားသွားနေကြသောကြောင့် အောက်ကလမ်းမပေါ်မှာ သွားလာနေသော ကားများပင် သူတို့နောက်တွင်ကျန်ခဲ့သည်။

ခေါင်မိုးပေါ်တွင် သစ်သီးအမဲခြောက်တွေ ထိုင်သိမ်းနေတဲ့သူတွေရှိပြီး ဘေးမှ အမဲရောင် အရိပ်တစ်ခုဖြတ်သွားကာ သူတို့ အင်္ကျီတန်းတွေကို တိုက်ချသွားပြီး အဝတ်တန်းများလဲကာ အဝတ်စများပြန့်ကျဲကုန်သည်။
သူတို့ မော့ကြည့်လိုက်တဲ့အချိန်တွင် ဘာမှမရှိဘဲ ဘာကြီးလဲဟု စဉ်းစားနေသည့် အချိန်တွင်းပဲ နောက်ထပ် အမဲရောင်အရိပ်တစ်ခု လေအလျင်ကဲ့သို့ ဖြတ်ပြီး အမဲရောင်သစ်သီးခြောက်တွေ ပြန့်ကျဲနေအောင် တိုက်ချသွားပြန်သည်။သူတို့မြန်မြန်ထရပ်ကာ ဘာဖြစ်နေတာလဲဟု ထကြည့်ချိန်တွင် ပျံနေသည့် ပုံစံနှစ်ခုကိုတွေလိုက်ကြသည်။ ရှေ့မှတစ်ယောက်မှာ ဖောင်းနေပုံရကာ ကြည့်ရသည်မှာ အထုပ်တစ်ထုပ်သယ်ထားပုံပေါ်သည်။

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now