Chapter 8

229 27 0
                                    

အခန်း ၈ - အဲ့ဒီလူက လုရန်ခုန်းတဲ့

နောက်တစ်နေ့ မနက်စောစောတွင် လန်ယွီ ဗိုလ်ချုပ်ကြီးဆီသို့ အစီရင်ခံစာတင်ရန်နှင့် လွန်တန်ဂြိုဟ်မှ လူများ၏ အခြေအနေအသေးစိတ်ကို တင်ပြရန်သွားရသည်။

အသေးစိတ်တိတိကျကျပြောရရင် သူကော်ဖီခွက်သုံးခွက်ကျကွဲပြီးမှ မှတ်တမ်းရေးလို့ပြီးခြင်းဖြစ်သည်။

သူလေ့ကျင့်ရေးစခန်း အဝင်ဝသို့ရောက်သည်ကို မြင်သည်နှင့် မြေပြင်ပေါ် ထိုင်နေကြသောတပ်သားများမှာ ထရပ်ကြသည်။

"ကာနယ်ကေ"

လန်ယွီသည် စစ်တပ် ဝတ်စုံကို ဝတ်ထားကာ လက်အိတ်များကို တစ်ဖက်ချင်းချွတ်ရင်း သူတို့ရှေ့မှ ဖြတ်လျှောက်သွားသည်။ရေကန်နက်နက်နှစ်ကန်ကဲ့သို့ ဖြစ်နေသော အေးစက်စက် မျက်ဝန်းနက်နက် နှစ်ခုက တပ်သားတစ်ယောက်၏မျက်နှာကို ဖြတ်ကြည့်သွားသည်။ ထို့နောက် တပ်သား၏ရှေ့တွင် သူ့ခေါင်းကိုမော့လျက် စိုက်ကြည့်နေလိုက်သည်။ ထိုတပ်သား အသက်အောင့်ထားသည်မှာ သူ့ရင်ဘတ်မှာ အတက်အကျပင်မရှိတော့ သကဲ့သို့ပင်။

လန်ယွီသည် သူ့ခေါင်းကို တည့်တည့်ကြည့်နေရင်းပင် လက်အိတ်ကို ချွတ်လိုက်ကာ လှည့်ပင်မကြည့်ဘဲ ခုန်းဖေကိုလှမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ကြယ်သီးတပ်"

ထိုတပ်သားမှာ ဘာတုံ့ပြန်မှုမှ မလုပ်ဘဲ လှုပ်ရှားမှုလည်းမရှိ။

လန်ယွီ သူ့ခေါင်းကို အနည်းငယ်မော့လိုက်ကာ သူ့ဦးထုပ်အောက်မှာ မျက်လုံးများဖြင့် စိုက်ကြည့်နေရင်း

"ကြယ်သီးတပ်"
တပ်သားမှာ နောက်ဆုံးတော့နားလည်သွားပြီး အနားယူချိန်မလို့ ဖြုတ်ထားသော အပေါ်ဆုံးမှ ကြယ်သီးကို အလျင်အမြန် တပ်လိုက်သည်။သူ့လက်များမှာ တလျှောက်လုံး တုန်ယင်နေကြသည်။

လန်ယွီ သူ့မျက်လုံးများဖြင့် တစ်ယောက်ပြီးတစ်ယောက် ဝေ့ကြည့်ကာ ဆက်လျှောက်နေသည်။

ရုတ်တရက် သူရပ်လိုက်ကာ ခုန်းဖေ လက်ထဲမှ သားရေကြာပွတ်ကို လှမ်းယူ၍ သူတို့အရှေ့သို့ လွှဲရိုက်ချပစ်လိုက်သည်။

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now