Chapter 9

226 25 0
                                    

အခန်း ၉ - ထွက်ခွာခြင်း

အကျင့်စာရိတ္တကောင်းမွန်ပြီး အပြစ်ကင်းတဲ့အိုမီဂါတစ်ယောက်အနေနဲ့  လန်ယွီ ဒီလိုလူတွေနဲ့ ကင်းကင်းရှင်းရှင်းနေခဲ့သည်။ ထိုကဲ့သို့သော လူများနှင့် ရုပ်ရှင်အတူတူရိုက်ရတာမျိုး တခြားအကြောင်းကိစ္စ တစ်ခုခုရှိခဲ့ရင်တောင် သူအတတ်နိုင်ဆုံး အဆက်အသွယ်မရှိအောင် နေခဲ့ခြင်းဖြစ်သည်။ ဒီလူသည် သူ့ကိုသည်းခံမှု ကုန်ဆုံးအောင် လုပ်သည့်နေရာတွင်တော့ တော်တော်လေးကို အရည်အချင်းရှိသည်။

လန်ယွီ ဘေးကို ခြေလှမ်းတစ်ဝက်လောက် ရွေ့လိုက်ပြီး လုရန်ခုန်းနှင့် အနည်းငယ်ဝေးအောင် လုပ်လိုက်သည်။

လူရန်ခုန်းမှာတော့ အချိန်ခဏလေးအတွင်း သူ့ပေါ်တွင် ဂုဏ်ပုဒ်နှစ်ခု ထပ်တပ်ခံလိုက်ရသည်ကို မသိခဲ့။ သူ့ဓားရေးပြဝတ်စုံကိုချွတ်နေရင်းပင် တပ်သားကိုမေးနေသည်။ 

“ ဘယ်လို အမျိုးအစား ကြယ်တာယာသားရဲလဲ”

“ကျွန်တော် မသိဘူး”

တပ်သားမှ ပြန်ဖြေသည်။

“အရေအတွက်ရော”

“အဲဒါလည်း သေချာမသိဘူး”

လန်ယွီ သူ့အကာအကွယ်ပစ္စည်းတွေကို ချွတ်ပြီး ပြန်ထားလိုက်သည်။ သူတံခါးဘက်သို့ လျှောက်သွားစဉ်ပင် နောက်မှ လုရန်ခုန်း မေးနေသည်ကို ကြားလိုက်သည်။

“ကြယ်တာရာသားရဲတွေကို များသောအားဖြင့် ကင်းလှည့်တပ်သားတွေပဲ တာဝန်ယူလိုက်တာ မဟုတ်ဘူးလား။ ဒီတစ်ခါကျမှ ဘာလို့ မက်ချာတပ်သား တပ်ရင်းတွေခေါ်ပြီး သွားရမှာလဲ”

တပ်သားကပြန်ဖြေသည်။

“ကာနယ်လု ကျွန်တော်က အမိန့်အတိုင်းလာပြောရတာပါ ဘာမှမသိပါဘူးခင်ဗျ”
လုရန်ခုန်းက ပြောလိုက်သည်။

“ကောင်းပြီ မင်းသွားတော့”

“အမိန့်အတိုင်းပါ”

လန်ယွီ လှေကားမှဆင်းလာတုန်း သူ့ကိုလာခေါ်တဲ့ ခုန်းဖေနဲ့ ဆုံကာ ဆယ်မိနစ်အတွင်းပင် စစ်တပ်လေဆိပ်တစ်ခုသို့ ဆွဲခေါ်ခံလာရပြီဖြစ်သည်။ လမ်းမပေါ်တွင် ဘယ်ယူပို့ဆောင်ရေးယာဉ်နှစ်စီး ရပ်ထားပြီဖြစ်ရာလန်ယွီ  ခုန်ဖေးနောက်မှပင်  ယာဉ်ပေါ်တက်ကာ အရာရှိအခန်းသို့သွားလိုက်သည်။

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now