Chapter 19

209 29 0
                                    

အခန်း ၁၉ - အများသုံးယာဉ်

လန်ယွီ သူ့လက်ထဲမှ ဆေးထိုးအပ်ကို ပြလိုက်သည့်အချိန်တွင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ထို့နောက် သူ အမျိုးသမီးဝမ်ကို မေးလိုက်သည်။

"ဒါဘာလဲ သိလား"

အမျိုးသမီးဝမ်သည် သူ၏ကိုယ်ဟန်ကိုထိန်းထားပြီး နောက်မှ ခေါင်းခါပြလိုက်သည်။

"ဒါကK5 လွန်တန်ဂြိုလ်က လူတွေအတွက် ထုတ်ထားတာ"

"HR5"

လုရန်ခုန်း ဝင်ဖြတ်ပြောလိုက်သည်။

လန်ယွီ တစ်ချက် လှောင်ရီလိုက်ပြီး

"ဒါက KR5 ခင်ဗျားကြားဖူးတာလည်း ဖြစ်ချင်ဖြစ်မယ် ဒါက တစ်ယောက်ယောက်က လွန်တန်ဂြိုလ်က လူဆိုရင် ဖော်ထုတ်ပေးနိုင်တယ် ဒီအပ်နဲ့ ထိုးလိုက်ရုံပဲ ပြီးရင် သိရပြီ"

လုရန်ခုန်း တစ်ခုခုပြောချင်နေသော်လည်း ပါးစပ်သာပိတ်ထားသည်။

လန်ယွီလက်ကို မြှောက်ကာ အပ်ထိပ်ဖျားလေးကို အမျိူးသမီးဝမ်၏ လည်ပင်းနားသို့ ထားလိုက်သည်။

ထိုအချိန်တွင် အမျိုးသမီးဝမ်သည် အလျင်အမြန်ပင် ရှောင်လိုက်ပြီး နောက်တစ်က္ကန့်လောက်မှာတော့ ဝမ်ဝေ၏ လည်ပင်းကို ချုပ်ထားကာ လည်ပင်းနေရာသို့ ဓား‌မြှောင်ဖြင့် ချိန်ထားသည်။
"ငါ့ကိုလွှတ်ပေး မဟုတ်ရင် သူ့ကိုသတ်ပစ်လိုက်မယ်"
သူမအသံတွင် အသံလှိုင်းတစ်ခုပိုနေပြီး ဩရှရှဖြင့် မနှစ်မြို့စရာကောင်းနေပြီး လူနှစ်ယောက် တချိန်ထဲတွင် ပြိုင်တူ စကားပြောသကဲ့သို့ ဖြစ်နေသည်။

"လီဟန် မင်းကလီဟန်မဟုတ်ဘူး! မင်းသူ့ကိုဘာလုပ်လိုက်လဲ"
"ပါးစပ်ပိတ်ထား"

အမျိုးသမီးဝမ်သည် လက်ကို ဖိလိုက်ရာ သူ့လည်ပင်းမှ သွေးအနီရောင်ရင့်ရင့်များ စီးကျလာသည်။

လုရန်ခုန်း သူ့သေနတ်ကို မြှောက်ကာ ချိန်လိုက်ပြီး

"သူက ခင်ဗျားရဲ့မိန်းမ မဟုတ်တော့ဘူး သူကကျွန်တော်တို့ ရှာနေတဲ့ လွန်တန်ဂြိုလ်က လူပဲ"

ဝမ်ဝေ မျက်နှာမှာ ဖြူဖျော့နေပြီး သူနှုတ်ခမ်းများက တုန်ယင်နေသည်။သူသည် အမျိုးသမီးဝမ်ထက် ပိုအရပ်ရည်သော်လည်း သူမသည် သူ့ကိုတစ်ချက်ပင်အလွတ်မပေးဘဲ ချုပ်ထားရာ သူမသွားနေရာ ပြတင်းပေါက်ဘက်သို့သာ လိုက်နေရသည်။ လန်ယွီ အမျိုးသမီးဝမ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေပြီး သူ့လက်ထဲတွင် အပ်ကို တင်းတင်းကိုင်ထားကာ လုရန်ခုန်းနှင့်အတူ တံခါးဘက်သို့ ဖြည်းဖြည်းချင်းသွားလိုက်သည်။
အမျိုးသမီးဝမ်သည် ကြောက်မက်ဖွယ်အမူအရာဖြင့် ချိုချိုသာသာပြုံးပြနေကာ ဖွင့်ထားသော မဟော်ဂနီရောင် ပြတင်းပေါက်နားတွင်ရပ်နေသည်။ သူမပါးစပ်ကို ဖွင့်လိုက်သောအခါ အသံနှစ်သံ တပြိုင်ထဲ ထွက်လာသည်။
"ကာနယ်ကေ ကာနယ်‌လု နောက်မှ တွေ့ကြမယ်"

သူမပါးစပ်မှ ထိုစကားလုံးများ ထွက်ပြီးပြီးချင်း ကြည်လင်နေသော အစိမ်းရောင်လူပုံစံ အရိပ်တစ်ခု သူမကိုယ်ထဲမှ ထွက်လာပြီး အခိုးအငွေများကဲ့သို့ ဖြစ်သွားကာ ပြတင်းပေါက်မှ ပြေးထွက်သွားပြီးနောက် ခဲကာ အစိမ်းရောင်အရေပြားနှင့်လူပုံစံ ပေါ်လာသည်။

အမျိုးသမီးဝမ်၏ မျက်လုံးများမှာ ပိတ်နေပြီး ကြမ်းပြင်တွင် အသက်မဲ့စွာ လဲကျနေသည်။

လုရန်ခုန်းနှင့် လန်ယွီသည် အပေါက်ဝမှ ပြေးထွက်လိုက်ချိန်တွင် အစိမ်းရောင် အရေပြားနှင့်လူ ဗီလာဂိတ်ပေါက်ဝမှ ပြေးထွက်သွားသည်နှင့် အချိန်ကိုက်ပင် ဖြစ်သည်။

ဗီလာအပြင်ဘက်တွင် မီးနီရောင် တဖြတ်ဖြတ်ဖြစ်နေပြီး ရဲကားတစ်စီးရပ်ထားသည်။ အင်းစက်အသေကောင်ရှိသော ဗီလာညာဘက်ရှိ ကျောက်ခြံစည်းရိုးနားတွင် ရဲခုနစ်ယောက် ရှစ်ယောက်လောက် ဝိုင်းနေပြီး ဂိတ်ပေါက်ဝတွင် တာဝန်ခံရဲနှစ်ယောက် ရပ်နေသည်။

လုရန်ခုန်း သူသေနတ်ကို မြှောက်ကာ ရှေ့သို့ချိန်လိုက်ချိန်တွင် အစိမ်းရောင်အရေပြားနှင့်လူသည် ရဲတစ်ယောက် ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူတုံ့ပြန်ရန်ပင် အချိန်မရလိုက် သူ့ဆီသို့ခုန်ဝင်ကာ အခိုးအငွေ့များ ဖြစ်သွားပြီး လေထဲတွင်ပင် ပျောက်ကွယ်သွားသည်။

ရဲတပ်သား၏ ခန္ဓာကိုယ်မှာ အကြောဆွဲကာ တဆတ်ဆတ် တုန်ယင်နေပြီး သူ့ခေါင်းကိုသူ့လက်နှင့်ကာထားကာ မှတ်တမ်းဖိုင်များလည်း မြေပေါ်သို့ ပြုတ်ကျကုန်သည်။

လွန်တန်ဂြိုလ်မှလူ ထိုလူ၏စိတ်ဝိညာဉ်ကို ဖမ်းယူလိုက်သည်ကို မြင်လိုက်ရသောကြောင့် လုရန်ခုန်း သေနတ်ဖြင့် မပစ်ရဲတော့ချေ။

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now