အခန်း ၁၃ - မသေသေးဘူး
တီ တီ
မက်ချာ သည် အသံထွက်လာသည်။ လန်ယွီ မျက်နှာပြင်ကို ငုံ့ကြည့်လိုက်သောအခါ လေးထောင့်ပုံ အနီရောင်သေတ္တာပုံလေးသည် မှိတ်တုတ် မှိတ်တုတ်ဖြစ်နေသည်။ စွမ်းအားကုန်တော့မည်ဖြစ်၍ ထိုသို့ဖြစ်နေခြင်းဖြစ်မည်။
အချိန်ခဏလေးအတွင်း သူတို့မြို့စွန်နားသို့ ရောက်လာပြီဖြစ်ရာ သူတို့ခြေထောက်အောက်တွင် ရှိသည်မှာ အဆုံးမဲ့ကျယ်ပြောသည့် မြေရိုင်းလွင်ပြင်ကျယ်ကြီး မဟုတ်တော့ဘဲ သစ်တောများနှင့် လယ်ကွင်းပြင်များ ဆင်ခြေဖုံးရပ်ကွယ်ရှိ လမ်းသွယ်များနှင့် လူနေအိမ်ကျိုးတိုးကျဲတဲတို့ ဖြစ်နေပြီဖြစ်သည်။
လန်ယွီ အင်းစက်ဘုရင်နောက်သို့ ထပ်ကြပ်မခွာ လိုက်လာရင်း သူ့ရှေ့တွင် မီးရောင်များနှင့် ပျားပန်းခပ်လှုပ်ရှားနေသော မြို့ပေါ်ရှိ အဆောက်အအုံအမြင့်ကြီးဆီမှ ပရိုဂျက်တာ အကြီးကြီးကိုပါ မြင်နေရပြီဖြစ်သည်။ မက်ချာမှ အရေးပေါ် အချက်ပြသံ ကျယ်ကျယ်လောင်လောင်မှာလည်း သုံးစက္ကန့်တစ်ခါမြည်နေရာမှ တစ်စက္ကန့်တစ်ခါသို့ ပြောင်းမြည်နေပြီဖြစ်သည်။
ခနလေးအတွင်းပင် အင်းစက်ဘုရင်သည် မြို့ထဲသို့ ဝင်သွားပြီဖြစ်သည်။
လန်ယွီ လုရန်ခုန်းဘယ်လိုပြောခဲ့သည် ဆိုတာကို သတိရလိုက်ပြီး သူသာဖမ်းမမိခဲ့ရင် နောက်ထပ်အကျိုးဆက်များမှာ မတွေးရဲစရာတွေပဲဆိုတာကို သိလိုက်သည်။သူအံကိုကြိတ်ကာ အရေးပေါ်အချက်ပြသံ ကြားမှပင် မြို့ထဲသို့ အမှီလိုက်၍ ပျံသန်းနေရသည်။ မျက်နှာပြင်မှ သူ့အနောက်သို့ကြည့်လိုက်ရာ 666 မက်ချာသည်လည်း အရှိန်ကို မလျော့ဘဲ အနားသို့ နီးသထက် နီးအောင်သာ အရှိန်မြှင့်၍ ပျံသန်းလာသည်။
မက်ချာ နှစ်ဦးနှင့် အင်းစက်တစ်ကောင်သည် ချက်ချင်းပင် ဆူညံသက်ဝင်နေသော မြို့ပေါ်သို့ရောက်လာပြီး လမ်းသွားလမ်းလာများ သွားလာလှုပ်ရှားနေကြသောလမ်းများ၊ မိုးမျှော်တိုက်များ၊ ယာဉ်ကြောပိတ်ဆို့နေသောလမ်းမများကို ဖြတ်ကာ ပျံသန်းနေသည်။ လမ်းမပေါ်တွင် ဘရိတ်အုပ်သံများ၊ ရုတ်တရက်ထွက်လာသော အသံကျယ်ကြီးများဖြင့် ဆူညံနေပြီး လူတွေသည် ထို အံ့အားသင့်စရာမြင်ကွင်းကို မော့ကြည့်နေကြသည်။
"ဒါဘာကြီးလဲ။ ဘုရားရေ ငါတို့ရှေ့မှာ ပျံနေတာဘာကောင်ကြီးလဲ? ဒါကြယ်တာယာသားရဲလား?"
"မက်ချာ က ကြယ်တာယာသားရဲကို လိုက်ဖမ်းနေတာ။မက်ချာ က ကြယ်တာယာသားရဲကို လိုက်ဖမ်းနေတာဟေ့ ပုန်းကြ!"
"xီးကို ပုန်းရမှာလား။ မက်ချာ ရှိတယ်ဆိုမှတော့ ကြောက်နေစရာမလိုဘူး ရုပ်ရှင်လိုထိုင်ကြည့်နေရုံပဲ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ အား..."
ကြောက်တတ်သော လူများမှာ ပြေးပုန်းကြပြီး လူငယ်လေးတွေကတော့ မကြောက်ရုံတင်မကဘဲ လက်ခုပ်လက်ဝါးတီးကာ အားပေးသူကအားပေး သူတို့ရဲ့စက်ဘီးတွေ ဆိုင်ကယ်တွေပေါ် တက်ကာ လမ်းတိုမှ ဖြတ်ပြီး မက်ချာသွားရာနောက်ကို လိုက်သူကလိုက်လုပ်နေကြသည်။
"မေမေ ကြည့်ပါဦး မိုးပေါ်မှာ ဘာကြီးလဲ။ မက်ချာ နှစ်ယောက်နဲ့ ဆိုင်ကယ်တွေ ပျံနေတဲ့ ပိုးကောင်ကြီးနောက် လိုက်နေတယ်"
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Lãng mạnဘာသာပြန် By Legacy Novel Translation