"ဟင် ဒီနေ့ဆောင်းဟွန်းမလာဘူးလား?? "
"အေးလေ ခွင့်ယူထားတယ်တဲ့ မင်းမသိဘူးလား?? "
တအံ့တသြမေးနေတဲ့နီခီကို ဂျယ်ယွန်းကထူးဆန်းသလိုပြန်ကြည့်နေသည်~
ဒီ၂ယောက်က ကော်နဲ့ကပ်ထားသလိုအမြဲတတွဲတွဲရှိနေကြတာကို ဆောင်းဟွန်းအလုပ်မလာတာနီခီ့ကိုမပြောပြဘူးလား??
"ဒါကြောင့် ကျောင်းသွားကြိုတော့ ကျောင်းစောင့်ကြီးကပြန်သွားပြီလို့ပြောလိုက်တာကိုး~ကျွန်တော့်ကိုမစောင့်ပဲလာလိုက်တယ်လို့ထင်နေတာ...."
နီခီကနားထင်ကိုခပ်ဖွဖွကုပ်ခြစ်ရင်းဆိုသည်~
ဘာကိစ္စကြောင့်များ ဆောင်းဟွန်းက သူ့ကိုဖုန်းလေးတစ်ကော စာလေးတစ်ကြောင်းတောင်မပို့ရတာလဲနော်??
ဖုန်းဆက်တော့လဲ ဝင်ရဲ့သားနဲ့မကိုင်ပေ~~
* ကျစ် *
* ဆောင်းဟွန်း ဒီနေ့အလုပ်မလာတာ ကျွန်တော့်ကိုလဲ ကြိုမပြောဘူးနော်~ကျောင်းသွားကြိုတာလဲမတွေ့ခဲ့ရတော့အရမ်းတွေစိတ်ပူနေတာ....*
*စာပို့ထားတာတွေ့ရင် အကျိုးအကြောင်းပြန်ပြောပါဦး *
"ဘာဖြစ်လို့တဲ့လဲ?? "
"မသိဘူး ဖုန်းဆက်တာလဲမကိုင်ဘူး စာပို့ထားတာလဲမပြန်ဘူး~တစ်ခုခုများဖြစ်နေသလားမသိဘူး "
"ဆောင်းဟွန်းမေမေဆီဆက်ကြည့်ပါလား?? "
"ဟုတ်သားပဲ..."
အိုမားဆီဖုန်းဆက်လိုက်တော့ ချက်ချင်းဝင်သွားသည်~
"Hello အိုမား~ဒီနေ့ဆောင်းဟွန်းက အလုပ်မလာဘူးလေ~အဲ့တာနေမကောင်းဖြစ်နေလို့များလား သိချင်လို့.."
*အော် သားလေးရေ~ဆောင်းဟွန်းနီးက အပြင်သွားစရာရှိတယ်ဆိုပြီးထွက်သွားတာလေ~ဘယ်လဲတော့ အိုမားကိုလဲမပြောပြသွားဘူး...*
"အော် ဟုတ်လား အိုမား~ပြန်ရောက်ရင်သားကိုဖုန်းဆက်ပေးပါဦးနော်...."
*အေး အေး သားလေး *
"ဘာတဲ့လဲ?? "
"ဟူး....အပြင်သွားတာတဲ့... အိုမားကိုလဲသေချာမပြောပြသွားဘူးလို့ပြောတယ်~တကယ်ပဲဘယ်ကိုသွားတာများလဲ?? "