Epi 22

208 35 2
                                    

"မင်းကဘယ်သူလဲ?? Benရဲ့အသိလား?? "

"......"

"ဟက် ကျွန်တော်ကသူ့ရည်းစားဖြစ်လာမဲ့သူ...ခင်ဗျားကဘာလဲ?? "

"နီခီ အဲ့လိုမရိုင်းရဘူး....."

"ဝင်မပြောနဲ့ ! ! "

"......."

ဆောင်းဟွန်းတစ်ခါမှမမြင်ဖူးတဲ့နီခီ့ရဲ့ပုံစံကအတော်လေးရှိန်လောက်စရာ အငွေ့အသက်တွေနဲ့ပြည့်နှက်နေတာကြောင့် ချက်ချင်းအသံလေးတိတ်သွားရသည်...

"ငါက Benရဲ့မိတ်ဆွေပဲ~အော နောက်ကျရင်တော့ သူ့ချစ်သူဖြစ်လာမလားမသိပေမဲ့ပေါ့..."

"အိပ်မက်ပဲမက်နေလိုက်~"

"ဟိုး အပြောမစောနဲ့ကောင်လေး~မင်းကြည့်ရတာ အထက်တန်းကျောင်းသားလေးပဲရှိသေးတာမလား?? Benက မင်းကိုဘယ်လိုယုံကြည်အားထားလို့ရပါ့မလဲ?? ဟမ်? "

ထိုသူက နီခီ့ရဲ့အထက်တန်းကျောင်းဝတ်စုံကိုကြည့်ရင်းခနဲ့သည်~

"မင်းလဲစိတ်ကူးယဥ်မနေနဲ့ ကောင်လေး~မင်းအသက်ငယ်သေးတယ်~ငါ့လမ်းကိုဝင်မ
နှောင့်ရင်ပိုကောင်းမယ်..."

"ဘာ ! !  ခင်ဗျား ! ! ! "

"နီခီ တော်တော့~လူတွေကြည့်နေကြပြီ... ဟျောင်းကိုလဲတောင်းပန်ပါတယ်~နီခီက ငယ်သေးလို့ပါ အပြစ်မမြင်ပါနဲ့..."

ဆောင်းဟွန်းက ဟျောင်းရဲ့အင်္ကျီစကိုဆွဲလို့ထိုးတော့မည့်ဟန်ပြင်နေတဲ့နီခီ့ကိုထိန်းရသည်~

ဒီကောင်လေးလက်စက ကိုယ်အသိဆုံး...

"ပတ်ဆောင်းဟွန်း ခင်ဗျားဝင်မပါနဲ့လို့ပြောထားတယ်မလား~ ခင်ဗျားကဘယ်သူ့ဘက်ကလဲ??ဒီလူ့ဘက်ကနာနေတာလား?? "

"အမ်?? ငါက...."

နီခီ့စကားကြောင့် ဆောင်းဟွန်းကြောင်တောင်တောင်လေးဖြစ်သွားရသည်~

သူကဘယ်သူ့ဘက်ကမှဟုတ်မနေပါဘူးနော်~

သူ့ကြောင့်နဲ့မဖြစ်သင့်တာတွေမဖြစ်ရအောင်လို့ပါ...

"ဟို၂ယောက်ကငါ့ကိုတောင်မစောင့်ပဲနဲ့ဆင်းသွားကြတာပဲ~~~ဘာဖြစ်နေကြတာလဲ?? "

"........"

ဂျုံဆောင်းက ကားပါကင်အတွင်းမှအသေးစားရန်ပွဲကြောင့် ခေါင်းကိုက်ချင်သွားသည်~

NO REGRETSWhere stories live. Discover now