Epi 23

123 17 2
                                    

"နီခီ.....မင်းကအရိုင်းအစိုင်းကောင်ပဲ ! ! ! "

ဆောင်းဟွန်းက နီခီ့လက်ချက်ကြောင့်နီရဲဖူးယောင်သွားတဲ့နှုတ်ခမ်းကို ခပ်ဖွဖွထိတွေ့ရင်းပြောသည်~

"အော~ကျွန်တော်ကျတော့အရိုင်းအစိုင်းကောင်ပေါ့~ဟိုလူကျတော့ ကောင်းတယ်ပေါ့~ဟက် ပတ်ဆောင်းဟွန်းတို့အပြောင်းအလဲမြန်ချက် "

"မင်းဘာတွေပြောနေတာလဲ? ဟျောင်းနဲ့ငါက ရိုးရိုးသားသား........"

"ရိုးသားတာက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း dinner dateကြတာလား?? ဒါလား ရိုးသားတာ...."

"မင်း ! ! ! ငါသူနဲ့၂ယောက်တည်းသွားတာမဟုတ်ဘူး~ကိုကိုလဲပါတယ် "

"ဟိုက ခင်ဗျားကိုဖွင့်ပြောထားတာတောင် ခင်ဗျားက သူနဲ့တူတူအပြင်ထွက်ရဲသေးတယ်~ပတ်ဆောင်းဟွန်း ခင်ဗျားက တကယ့်ကိုပဲ........"

နီခီ တွေးကြည့်တိုင်းဒေါသထွက်လာရသဖြင့် ဆောင်းဟွန်းကိုမျက်နှာလွှဲလိုက်သည်~

နီရှီမူရာရီခီက စိတ်ကြီးတယ်...ဒေါသကြီးတယ်...အတ္တကြီးတယ်....

ပြီးတော့ ပိုင်ဆိုင်လိုစိတ်လဲကြီးတယ်.....

ဒါတွေကို ပတ်ဆောင်းဟွန်းမသိပါဘူး~

သူ့ရှေ့မှာလဲ နီခီက သူ့ရဲ့dark sideကိုသိပ်ပြီးတော့ထုတ်မပြခဲ့ဖူးဘူးလေ~

သူသိတာက လုပ်ချင်တာလုပ်ဖို့~ဆိုးဖို့~နီခီ့ကို သဝန်မတိုတိုအောင် လုပ်ဖို့ပဲ....

"နီခီ ငါမင်းကိုပြောထားဖူးတယ်~ငါ့ကိုကြိုက်တယ်ဆိုပြီး ငါ့လွတ်လပ်ခွင့်ကို လာမချုပ်ချယ်ဖို့~မင်းနဲ့ငါချစ်သူမဖြစ်မချင်း ငါ့ဘာသာဘယ်သူနဲ့ ဘာပဲလုပ်လုပ် အဲ့တာ မင်းကိစ္စမဟုတ်ဘူး~မင်းလဲဝင်ပါစရာမလိုဘူး~ ငါလဲမင်းကိုချစ်လာမယ်လို့အာမခံထားတာလဲမဟုတ်......."

"အော....ဒါဆို ပတ်ဆောင်းဟွန်းက ကျွန်တော့်ကိုမချစ်ပဲနဲ့ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့သဘောပေါ့ ... ဟမ်?? "

ဆောင်းဟွန်းက နီခီရဲ့မထီမဲ့မြင်မျက်နှာပေး
ကြောင့် အရွဲ့တိုက်ချင်စိတ်များတဖွားဖွားပေါ်လာရသည်~

NO REGRETSWhere stories live. Discover now