Epi 24

125 18 2
                                    

"ဆောင်းဟွန်း သားဘာဖြစ်နေတာလဲ?? စိတ်တွေလွင့်နေတာလား? ဒါဆိုရင်လဲ မလှီးနဲ့တော့~မေမေပဲဆက်လုပ်လိုက်တော့မယ်~တော်ကြာ ဓါးရှနေဦးမယ်~"

မေမေ့ဆီက စကားသံကြားမှသာ သခွားသီးလှီးနေသောဆောင်းဟွန်းတစ်ယောက်လွင့်ပျံနေသောစိတ်ကလေးများကိုပြန်လည်ဖမ်းဆုပ်မိသွားတော့သည်~

သူကအဲ့လောက်တောင်သိသာနေတာလား???

"သွား သွား ရေသွားချိုးတော့~မေမေပဲဆက်လုပ်လိုက်တော့မယ်"

"ဟုတ် "

"အော် နေဦး ! "

".........."

"သားငယ်လေးကိုဖုန်းဆက်လိုက်ဦး ဒီနေ့ အိမ်ကိုလာလည်ဦးလို့ အိုမားကသူကြိုက်တဲ့ဟင်းတွေချက်ထားလို့နေ့လည်စာလာစားဖို့ပြောလိုက်ဦးနော် "

"........."

"ဆောင်းဟွန်း မေမေပြောတာကြားလား သား?? "

"အာ ဟုတ်ကဲ့ "

"မင်းဘာဖြစ်နေတာလဲကွယ်~မနေ့ကပြန်လာတည်းက မူမမှန်တာနော် "

မေမေက သံသယမျက်လုံးများဖြင့်ကြည့်လာသဖြင့် ဆောင်းဟွန်းမလုံမလဲဖြစ်သွားရသည်~

"ဘာ ဘာမှမဖြစ်ပါဘူး မေမေရဲ့ ဒါဆို သာရေချိုးလိုက်ဦးမယ်နော် "

ဆောင်းဟွန်း အခန်းထဲကိုသာမြန်မြန်ပြေးဝင်လာခဲ့တော့သည်~

~
~
~
~
~
~
~

* Ti~Ti.... *

* ကျစ် *

ဒါနဲ့ဆို ဖုန်းခေါ်တာ ၅ကြိမ်ရှိပြီ~

ဝင်ရဲ့သားနဲ့မကိုင်တာ.....

ဆောင်းဟွန်းနောက်တကြိမ်ထပ်ခေါ်လိုက်သည်~

ဒီတစ်ကြိမ်ပဲ...ဒါနောက်ဆုံး....

* လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့်....... *

"........."

ဆောင်းဟွန်းရဲ့မျှော်လင့်ချက်ကလေးတွေပျောက်ဆုံးသွားတော့သည်...

ထင်တော့ထင်တယ်...ညတည်းကသူပြောလိုက်တဲ့စကားကြောင့် သူ့ကိုစိတ်ဆိုးသွားမယ်ဆိုတာ....

NO REGRETSWhere stories live. Discover now