"ဆောင်းဟွန်း~ဒီမှာဘာထိုင်လုပ်နေတာလဲ? မြန်မြန်အဝတ်အစားသွားလဲတော့လေ~ခဏနေ ဟီဆွန်းဟျောင်းရောက်လာတော့မှာ...."
customer တစ်ယောက်ကိုင်ထားတဲ့ daffodil bouquet ဆီ အကြည့်ရောက်နေသဖြင့် ဆောင်းဟွန်းက ဂျယ်ယွန်းပြောတာကိုသေချာမကြားပေ~~
နီခီက အလုပ်ကနေ တစ်ပတ်တိတိခွင့်တင်ထားသည်~
ပုံမှန်ဆိုခွင့်တစ်ရက်ယူရင်တောင် သဘောမကျတဲ့ဆိုင်ရှင်ကလဲ သူ့ကျတော့ Freeပေးထားသည်လေ...
ငွေကနေရာတိုင်းမှာမျက်နှာကြီးလှပါလား...
"ဆောင်းဟွန်းရေ ဘာတွေကိုများအဲ့လောက်ကြည့်နေရတာလဲ?? "
"ဂျယ်ယွန်း...ငါကလေ အရမ်းတစ်ကိုယ်ကောင်းဆန်တယ်လို့မင်းထင်လား?? "
"ဟမ်??? မထင်ပါဘူး...ဆောင်းဟွန်းက ဒီလောက်ကောင်းတာကို..."
"နီခီ့အပေါ်မှာဆိုရင်ရော??? "
"အဲ...."
ဒါကတော့ သက်သက်မဲ့ဂျယ်ယွန်းကိုမေးခွန်းသတ်နေတာမဟုတ်လား??
"မညာတမ်းပြောရရင် နည်းနည်းတော့တစ်ကိုယ်ကောင်းဆန်တာပေါ့လေ...နီခီက ဆောင်းဟွန်းကို သဝန်တိုတယ် ဒါက ကိုယ်ချစ်တဲ့သူကိုတခြားသူနဲ့တွဲတွေ့လိုက်ရင် အဲ့လိုပဲခံစားရမှာပဲ~ပြီးတော့ သူကအသက်လဲငယ်သေးပြီး အထက်တန်းလွှာသခင်လေးမို့လို့ ဆောင်းဟွန်းဘက်ကသူ့ရဲ့အပြုအမူတွေကို နည်းနည်းလောက်ပဲဖြစ်ဖြစ်နားလည်ပေးလိုက်သင့်တာ..."
"........."
"အခုလောက်ဆို သူတော်တော်လေးခံစားနေရရှာမှာပဲ...ဒီတစ်ခါတော့ နီခီ့ဘက်ကနေပါမယ်..."
"ရတယ် ဟီဆွန်းဟျောင်းကတော့ ငါ့ဘက်ကရှိဦးမှာပဲ..."
ဆောင်းဟွန်းကလဲ ဂျယ်ယွန်းကိုအနိုင်မခံပြန်ပြောသည်~