>> Unicode <<
~~~~~~~~~~~~
" ဆန်ဆိုင်ဖွင့်မှာတဲ့၊ ဟုတ်မဟုတ်တော့ ကျွန်တော်လည်းမသိဘူး၊ သူကအဲ့လိုပြောတာပဲ "
" ဟုတ်ရင်လည်းဟုတ်လောက်မယ်၊ မင်းပြောတဲ့မြေကွက်နေရာကို အဖေသိတယ်၊ အဲ့ဘက်က စီးပွားရေးလုပ်စားလို့ကောင်းတာတော့ အမှန်ပဲ "
ဦးမင်းဝေပြောတော့ လင်းရိပ်ခေါင်းသာညိတ်လိုက်သည်။ သူသိချင်တာတွေသိရတာတော့ ဦးမင်းဝေတို့မျက်နှာကကြည်လင်လို့။ ဘာကြောင့် ဒါတွေစိတ်ဝင်စားနေသလဲဆိုတာတော့ လင်းရိပ်လည်းမသိ။ သူခိုင်းတာကိုလုပ်ပေးရုံသာ။
ဒီရက်တွေမှာ ဩဂတ်စ်တို့မိသားစုရဲ့ဆက်ဆံပုံတွေကြောင့် အတော်လေးဒေါသထွက်ရပြီး လင်းရိပ်ဘက်က မသိမသာနှင့်တုံ့ပြန်ခဲ့တာတွေလည်းရှိသည်။ သို့သော် စိတ်တည်ငြိမ်သွားလို့ ပြန်တွေးလိုက်တိုင်း တကယ်တမ်းအစတည်းကမှားခဲ့တာက ဩဂတ်စ်တို့မဟုတ်ဘူးဆိုတာပင်။ ဒါကြောင့်ပဲ ကိုယ့်ဘက်ကလည်းဆက်ပြီးအမှားတွေမကျူးလွန်ရအောင် ဦးမင်းဝေနှင့်ဆုံတိုင်းမှာ ဩဂတ်စ်နှင့်ကွာရှင်းဖို့လည်းအမြဲပြောဖြစ်သည်။
" ကျွန်တော်ဩဂတ်စ်ကိုပြောပြလိုက်သေးတယ်... အဖေ့ရဲ့အကြံစည်တွေကို "
" ..... "
" ကျွန်တော်တို့လုပ်ခဲ့တာတွေအကုန်လုံး.. ဩဂတ်စ်ကိုပြောပြလိုက်တယ် "
ဒေါသနှင့်တုံ့ပြန်မယ်ထင်ထားသော်လည်း ဦးမင်းဝေရဲ့မျက်နှာကတော့ အေးတိအေးစက်သာ။
" ငါသိပြီးပြီ "
ထိုအခါ ပြန်ပြီးအံ့ဩရတာ လင်းရိပ်ကိုယ်တိုင်ပင်။
" အဖေက.. ဘယ်လိုသိတာလဲ "
" ဘယ်လိုသိတယ်ဆိုတာအရေးမကြီးမပါဘူး၊ အဓိကက မင်းဘာလုပ်လုပ် ငါ့ဆီကိုသတင်းပြန်ရောက်နေတယ်ဆိုတာပဲ "
" ..... "
" မင်းကဘယ်သူ့အားကိုးနဲ့ ဩဂတ်စ်ကိုသွားပြီးတိုင်တာလဲတော့မသိဘူး အေး နေရာတိုင်းမှာ သူ့လူကိုယ့်ဘက်သားတွေရှိတယ်ဆိုတာလည်း မမေ့နဲ့ပေါ့ကွာ "
ဦးမင်းဝေဟာ သောက်လက်စဆေးလိပ်ကို ပြာခွက်ထဲထိုးချေပစ်လိုက်ပြီး ထရပ်၏။ ထိုင်နေသေးတဲ့ လင်းရိပ်ကိုလည်းပြန်ကြည့်ပြီး..
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)