[ 29 ]

3.7K 176 7
                                        

>> Unicode <<
~~~~~~~~~~~~

" ငါတို့ စကားလေးနည်းနည်းလောက်ပြောရအောင် "

ဩဂတ်စ်ရဲ့လက်တွေက ခါးပေါ်ရောက်လာတာကြောင့် လင်းရိပ်ရဲ့နှုတ်ခမ်းလေးများက ပြုံးယောင်သမ်းသွား၏။ မျက်နှာရှေ့ ဝဲကျလာတဲ့ဆံပင်တွေကိုလည်း ဩဂတ်စ်ကအသာယာသပ်တင်ပေးကာ နားရွက်ကြားလေးထဲသိမ်းပေးရင်း ပြန်မေးလာသည်။

" ကလေးကိစ္စပဲလား "

" ဟုတ်တယ် ကလေးယူရအောင်၊ ငါကလေးယူချင်တယ် ဩဂတ်စ် "

" ဘာဖြစ်လို့လဲ ငါတို့မှာ ဖြေရှင်းစရာနည်းလမ်းတွေရှိတာပဲ၊ ဘာဖြစ်လို့ကလေးကိုခုတုံးလုပ်မှာလဲ "

ဩဂတ်စ်နှင့်လင်းရိပ်တို့ကြား လွဲနေသည့်အရာက ထိုအတွေးတွေပင်။ လင်းရိပ် ခေါင်းလေးတွင်တွင်ခါပြီး ဩဂတ်စ်ရဲ့ပါးတွေကိုအုပ်ကိုင်လိုက်၏။

" ငါမင်းကိုအများကြီးရှင်းပြပြီးပြီပဲ၊ ဘာဖြစ်လို့ အဲ့ဒီလိုတွေးနေသေးတာလဲ ဟင် "

" ..... "

" ငါကလေးယူချင်တယ်ဆိုတာက... မင်းနဲ့.. မင်းနဲ့... မိသားစုဘဝတည်ဆောက်ချင်ရုံပါပဲဆိုကွာ၊ ရိုးရိုးလေးပဲတွေးလို့မရဘူးလား "

ခါးကိုဖက်ထားတဲ့ဩဂတ်စ်ရဲ့လက်တွေဟာ တင်းတင်းလေးဖြစ်လာကာ ရှေ့ကိုဆွဲဆွဲကပ်နေပြီး အကြည့်တွေဟာစူးစူးရှရှ။

" ရုတ်တရက်ကြီး ငါနဲ့ကလေးယူချင်တဲ့အထိ အချစ်စိတ်တွေပေါက်ဖွားလာတယ်ပေါ့လေ "

စိုက်ကြည့်နေတဲ့ဩဂတ်စ်ကြောင့်ပဲ လင်းရိပ်မျက်နှာ‌လေးလွှဲလိုက်ရသည်။ တစ်ခါတလေမှာ ခံစားချက်တွေဆိုတာ ဝန်ခံရမှာ ရှက်စရာကောင်းတယ်မဟုတ်လား။ အထူးသဖြင့် အခုလို အတည်ပေါက်ကြီးစိုက်ကြည့်နေတဲ့အချိန်တွေမှာ။

" ပြီးတော့ အကြောက်အလန့်မရှိပြောရဲသေးတယ်၊ ကိုယ်တိုင်ကိုယ်ဝန်ဆောင်ချင်တယ်တဲ့၊ ဘယ်လောက်အန္တရာယ်များတဲ့ကိစ္စလဲ မင်းမသိလို့လား လင်းရိပ် "

" သိတော့သိတယ်လေ "

" သိရင် ဘာလို့ပြောလဲ၊ မင်းမကြောက်တတ်လို့လား "

ပြောရင်း လင်းရိပ်ရဲ့နဖူးကို ဆတ်ခနဲတောက်၏။

" ဟာ ခုခေတ်မှာ ဒါတွေကစိတ်ချရပြီပဲ ပြီးတော့... ပြီးတော့.. ငါ့ယောက်ျားကလည်း ဘောစိလေ "

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now