>> Unicode <<
~~~~~~~~~~~~
" မဟုတ်သေးဘူး "
ဆရာဝန်ကြီးရဲ့အဖြေကြောင့် လင်းရိပ်က ပြုံးနေသော်လည်း သက်ပြင်းလေးချ၏။ ဩဂတ်စ်ကတော့ လင်းရိပ်ရဲ့လက်ကိုသာဆုပ်ကိုင်ထားသည်။ တူညီတာတစ်ခုက စိတ်ဓာတ်ကျတဲ့အရိပ်ယောင်တွေ သူတို့မှာမရှိတာပေ။ သူတို့ရှေ့က ဆရာဝန်ကြီးကလည်း..
" အမျိုးသားနဲ့အမျိုးသမီးတွေမှာတောင် ကိုယ်ဝန်လက္ခဏာပြတာဆိုပြီး စစ်ကြည့်လိုက်မှ မရှိသေးတာမျိုးက ဖြစ်တတ်တာပဲ၊ ဒါတွေက သားတို့လည်းနားလည်တဲ့ကိစ္စတွေပဲ ဟုတ်တယ်မလား အားလျော့မသွားကြနဲ့ဦး "
ဆရာဝန်ကြီးကိုယ်တိုင်က လင်းရိပ်ကိုတော့ တစ်လျှောက်လုံး အားပေးစကားတွေပြောခဲ့ပြီး ဒီတစ်ကြိမ်တော့ အဆူခံရသူက ဩဂတ်စ် ။
" အယ်လ်ကိုဟောနဲ့ဆေးလိပ်တွေဖြတ်ထားဖို့ ငါမင်းကိုပြောတယ်နော် "
ဆရာဝန်ရဲ့စကားကြောင့် ဩဂတ်စ် အနည်းငယ်မတ်သွား၏။
" ကျွန်တော်ဖြတ်ထားပါတယ်၊ တစ်ခါတလေမှ နည်းနည်းပဲ... "
" အေး အခုအဓိကပြဿနာရှိတာက sperm မှာတော့မဟုတ်ဘူး ဒါပေမဲ့ result တွေကို ငါစိတ်တိုင်းမကျလို့ မင်းကိုထပ်သတိပေးတာ "
ဩဂတ်စ် ခေါင်းသာညိတ်ရင်း " ကျွန်တော်ထပ်မသောက်ပါဘူး " လို့သာ ပြောလိုက်ရသည်။ လင်းရိပ်ကတော့ သူ့ဘေးမှာပြုံးစိစိ။ ပထမအကြိမ်မှာ မအောင်မြင်ခဲ့ပေမဲ့ နှစ်ယောက်လုံးကစိတ်ဓာတ်ကျခြင်းလည်းမရှိ။
ဆရာဝန်ကြီးဆီမှာ ရက်ချိန်းပြန်ယူပြီးတော့ ပြန်လာတဲ့လမ်းမှာ လင်းရိပ်ကတော့ ခါတိုင်းလိုပဲ စကားတွေတတွတ်တွတ်ပြောလာသည်။
" ဩဂတ်စ် ငါတွေးထားတာရှိတယ်၊ သားယောက်ျားလေးဆိုရင်ကိစ္စမရှိပေမဲ့ တကယ်လို့ ငါတို့သမီးလေးမွေးခဲ့ရင် စိတ်ချရတဲ့ကောင်မလေးတစ်ယောက်လောက် အိမ်မှာခေါ်ထားရင်ကောင်းမလား "
ဩဂတ်စ်က ကားမောင်းနေရင်းပဲ ပြန်မေးသည်။
" ကလေးထိန်းလား "
" အေးပေါ့ ငါက မထိန်းနိုင်တာမဟုတ်ဘူး၊ သမီးမိန်းကလေးဆိုရင် မိန်းကလေးအဖော်ရှိနေတာပိုကောင်းမယ်လို့ထင်တယ် ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ မိန်းကလေးကိစ္စတွေဆိုတာလည်းရှိသေးတယ်လေ "
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)