>> Unicode <<
~~~~~~~~~~~~
မနက် ၉ နာရီဝန်းကျင်ခန့်မှာ စခန်းမှူးဦးစိုးနိုင်နှင့်တွေ့ပြီး ဩဂတ်စ်ဧဿန် ပြန်ထွက်လာသည်။ တစ်ဖက်ဆီကဘယ်လောက်တောင်ယူပြီး စားထားသလဲမသိ။ ဩဂတ်စ်ကို စကားတောင်အပြောမခံ။ ကြိုက်တဲ့ရှေ့နေခေါ်လာပြီး ကြိုက်သလိုပြောကြ။ သူလွှတ်ပေးချင်မှဖြစ်တာဆိုတဲ့အချိုးမျိုး။
စခန်းကထွက်လာပြီး မြို့ထဲက တိုင်းမြတ်ရဲ့ကွန်ဒိုကိုလာခဲ့၏။ သူရောက်သွားချိန်မှာ ဥက္ကာလည်းရောက်နှင့်နေသည်။
" ကိုဩဂတ်စ် ! ကိုတိုင်းမြတ်ရောက်နေပြီ "
ဩဂတ်စ် တစ်ချက်ငြိမ်သွားပြီးမှ..
" ပိုကောင်းတယ်၊ reception နဲ့ စကားပြောစရာမလိုတော့ဘူး "
ဆိုကာ အရှေ့ကတက်လာတော့ ဥက္ကာလည်းထက်ကြပ်မကွာပါလာသည်။ ဓာတ်လှေကားထဲရောက်နေတာတောင် ဩဂတ်စ်စိတ်ကမရှည်ချင်တော့။ သံသာလင်းရိပ်ကို အချုပ်ထဲတစ်ညအိပ်ခိုင်းတာတောင် လွန်လှပြီမဟုတ်လား။
ဥက္ကာညွှန်ပေးတဲ့အခန်းရှေ့ကိုရောက်တာနှင့် doorbell နှိပ်လိုက်သည်။ ဘယ်သူဘယ်ဝါဆိုတာအထဲကကြည့်နိုင်တဲ့ Peephole ကိုပါ ဩဂတ်စ် လက်မနှင့်ကာပြီးပိတ်ထားလိုက်၏။ ထိုအခါ စက္ကန့်ပိုင်းလောက်အကြာမှာ အခန်းတံခါးဖွင့်သံကြားရတာနှင့် ဩဂတ်စ်မစောင့်တော့ဘဲ တံခါးကိုအားနှင့်ကန်ဖွင့်လိုက်တော့..
" အာ့ ! "
အရှိန်ကြောင့် နောက်ကိုပါလဲကျသွားတဲ့တိုင်းမြတ်ဝဿန်ရဲ့ အာမေဋိတ်သံကိုကြားရကာ ဩဂတ်စ်အခန်းထဲဝင်လာလိုက်သည်။ သူ့ကိုမြင်တာနှင့် တိုင်းမြတ်ရဲ့မျက်လုံးတွေဝိုင်းသွားကာ အတော်လေးအံ့အားသင့်သွားတဲ့ပုံ။ အနောက်ကလိုက်ဝင်လာတဲ့ဥက္ကာကို အခန်းတွေထဲဝင်ရှာဖို့ ဩဂတ်စ်မေးတစ်ချက်ဆတ်ပြပြီး တံခါးကိုပြန်ပိတ်လိုက်၏။
" ကိုကို... မင်း ! "
တိုင်းမြတ်က ချက်ချင်းပဲထပြီး ဥက္ကာအနောက်လိုက်သွားဖို့ပြင်၏။ ဩဂတ်စ် သူ့ကိုပေးမသွား။ လက်ကဖမ်းဆွဲကာ နံရံမှာဆောင့်ကပ်ထားထားပြီး တစ်ဖက်က ပခုံးတွေကိုဖိချုပ်ထားလိုက်သည်။
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)