>> Unicode <<
~~~~~~~~~~~~
" ဦးမင်းဝေနဲ့တိုင်းမြတ်ကို စောင့်ကြည့်ဖို့လုပ်ပေး၊ တိုင်းမြတ်ကို သူဘယ်သွားလဲ ဘယ်သူနဲ့တွေ့လဲဆိုတာ အကုန်သိရမှဖြစ်မယ်၊ လောလောဆယ်တော့ သူ့ studio ကိုရောက်ဖြစ်နေတယ်လို့ကြားထားတယ်၊ အဲ့ဒီကနေ မင်းစောင့်လို့ရမယ် "
" ဟုတ်ကဲ့ကိုဩဂတ်စ်.. ကျွန်တော်ကိုယ်တိုင်လုပ်လိုက်မယ်၊ ဦးမင်းဝေကိုတော့ တခြားတစ်ယောက်နဲ့လွှဲလိုက်ပါ့မယ် "
" အေး ဟုတ်ပြီ studio နဲ့ သူ့ဆိုင်မဟုတ်ဘဲ တိုင်းမြတ်အမြဲတမ်းလိုလိုအဝင်အထွက်လုပ်နေတဲ့နေရာမျိုးရှိလောက်မယ်၊ အရေးကြီးတယ် ဥက္ကာ "
" စိတ်ချပါ တစ်ခုခုသိရတာနဲ့ ကျွန်တော်အကြောင်းပြန်ပါ့မယ် "
ဥက္ကာကိုမှာစရာရှိတာမှာပြီးဖုန်းချလိုက်မှ ဩဂတ်စ် သက်ပြင်းရှည်ကြီးချကာ စိတ်မောသွားသည်။ တိုင်းမြတ်ဝဿန်ရဲ့အရှုပ်အထွေးတွေကြောင့်ပဲ ကိုယ့်အလုပ်တွေတောင်ပစ်ထားရသည့်အခြေနေ။ စိတ်မောမောနှင့် သက်ပြင်းရှိုက်ရင်း အခန်းတံခါးဖွင့်လိုက်ချိန် ရုတ်တရက်တွေ့လိုက်ရတဲ့ဆံပင်ဖားလျားကြီးကြောင့် လူကထိတ်ခနဲ။
" သံသာလင်းရိပ် ?! "
" ဟင် "
ဆံပင်ရှည်က ပွယောင်းလို့။ မျက်နှာတွေကနီစွေးနေကာ မျက်လုံးတွေကလည်းရီဝေဝေ။ လက်ထဲကိုကြည့်လိုက်တော့ သွားတိုက်တံနှင့် သွားတိုက်ဆေးဘူးကိုကိုင်ထား၏။
" ဘာလုပ်နေတာလဲကွာ၊ ရပ်နေတာလည်း သရဲကျနေတာပဲ "
" နည်းနည်း... ချေးမလို့ သွားတိုက်ဆေး၊ ဒီမှာကျန်း.. "
ပိန်လိန်နေတဲ့ဘူးကိုမြှောက်ပြသည်။ မူမမှန်တဲ့သူ့ပုံစံကြောင့် ဩဂတ်စ်မျက်မှောင်တွေကြုတ်ရင်း..
" မင်းမူးနေတာလား "
" မဆိုသလောက်လေးပါ၊ ဖယ်ဦး "
ဆိုပြီး အခန်းဝမှာပိတ်ရပ်ထားတဲ့သူ့ကိုတွန်းဖယ်ကာ ဝင်လာသည်။ မဆိုသလောက်လေးဆိုပြီး ခြေလှမ်းတွေကတောင်ယိုင်ချင်နေတဲ့သူ။ ဩဂတ်စ်လည်း တားမရ၍ တားမနေတော့။ မူးနေတာတောင် မျက်နှာသစ်၊ သွားတိုက်လုပ်နေသေး။
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)