[ 16 ]

3.7K 191 9
                                        

>> Unicode <<
~~~~~~~~~~~~

နှာခေါင်းဝနားတိုးဝင်လာတဲ့ဆေးလိပ်ငွေ့တွေကြောင့် ဩဂတ်စ်ဧဿန် မျက်မှောင်ကြုတ်သွား၏။ လှည့်ကြည့်တော့ အပြစ်လုပ်ထားတဲ့ကောင်ဟာ စီးကရက်လက်ကြားညှပ်ပြီး ခြေချိတ်ထိုင်လို့။ အထိုးခံထားရတဲ့ပါးတစ်ဖက်ဟာ အနည်းငယ်နီစွေးလျက်။

သိပ်မကြာခင် ဒယ်ဒီပြန်ရောက်လာတော့မည်။ ဒီကောင်ကတော့ အခုထိအေးအေးဆေးဆေး။

" မင်းတစ်ခုခုပြောစရာမရှိဘူးလား တိုင်းမြတ် "

" တစ်ခုမက ငါပြောပြီးပြီပဲ "

" မင်းပြောတာတွေက အရေးမပါတာတွေလေ "

" အဲ့လိုထင်ရင် မင်းငါ့ကိုဘာမှမမေးနဲ့တော့လေ "

ဩဂတ်စ်သက်ပြင်းချမိသည်။ တိုင်းမြတ်ဝဿန် ဆိုးသမျှ၊ မွှေသမျှကို သူဆူခဲ့တာတွေက အပေါ်ယံသာ။ ဒါဟာ ကိုယ့်ညီဖြစ်နေ၍ အလွန်အကျွံဆိုးသွမ်းမနေလောက်ဘူးလို့ ယုံကြည်ထားခဲ့တာ။ အခုတော့ လုပ်လိုက်တဲ့ကိစ္စကြီးက ခေါင်းခဲစရာ။

" မင်းလုပ်လိုက်တာ ပြန်ပေးဆွဲတာပဲဆိုတာသိလား တိုင်းမြတ် "

" ..... "

" သူတို့မင်းကိုထောင်ချလိုက်လို့ရတယ်၊ ဒီလိုကိစ္စကို ဘယ်သူမှမင်းဘက်ကပါပြီး ရှင်းပေးကြမယ်မထင်နဲ့ "

" ဘာလို့ကျွန်တော်သိပြီးသားတွေပဲ လာပြောနေတာလဲကိုကို "

" သိရဲ့သားနဲ့လုပ်တယ်ဆိုတာ မင်းဆိုးတာမဟုတ်တော့ဘူး၊ ရိုင်းစိုင်းနေတာ၊ ယုတ်မာနေတာပဲ တိုင်းမြတ် "

တိုင်းမြတ်ငြိမ်သွားပြန်၏။ ဩဂတ်စ်လည်း ဆက်ပြောဖို့တောင် အတော်လေးစိတ်ပျက်မိပေမဲ့ မပြောလို့လည်းမ‌ဖြစ်တဲ့အခြေနေ။

" အဲ့ဒီကလေးကို သူ့အိမ်ကိုပြန်ပို့.. "

" မလုပ်နိုင်ဘူး "

" တိုင်းမြတ် ! "

" မလုပ်နိုင်ဘူးကိုကို၊ သူတို့ထောင်ချမှာလား ချ ! ကြိုက်တာသာလုပ်ကြ၊ ကျွန်တော်ကလေးကိုပြန်မပို့နိုင်ဘူး "

" တိုင်းမြတ် မင်းရူးသွားတာလား "

" ချစ်မိသွားတာ "

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now