>> Unicode <<
~~~~~~~~~~~~
ဒီနေ့ကတော့ ဦးမင်းဝေအားအမိန့်ချသည့်နေ့။ လူသတ်ရန်ကြံစည်မြှအပါအဝင် အခြားသော ပစ်ချက်တွေပါရှိကြောင့် ဩဂတ်စ်ကြားသိထား၏။ သူ၏အဘွားဖြစ်သူ ဒေါ်ဘရဏီဟာ သူကိုယ်တိုင်သွားစရာမလိုအောင် အားလုံးစီစဉ်ထားသလို ထိုလူဟာ ကျိန်းသေထောင်နန်းစံရလိမ့်မည်။
ဩဂတ်စ်က ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သတင်းသာစောင့်နေရုံ။ ဒါပြီးသွားပြန်ရင်တော့ ရင်ဆိုင်ရဦးမည့် အဘွားနှင့်ကိစ္စရှိနေသေး။ အဘွားနှင့်ထိပ်တိုက်ဆုံချိန် ပြောမည့်စကားတွေကိုပါ ကြိုတင်စီထားရဦးမည်။ စားပွဲပေါ်က ကော်ဖီခွက်ကိုသာ ခပ်တွေတွေကြည့်နေရင်း ငြိမ်နေမိတာ ဘယ်လောက်တောင်ကြာသွားလဲမသိတော့။ တိုးသဲ့သဲ့ခေါ်သံတစ်ခုကြောင့်သာ အသိဝင်လာသည်။
" ဩဂတ်စ်! "
လှည့်ကြည့်လိုက်ဝောာ့ တံခါးပေါက်ကနေ ခေါင်းပြူနေတဲ့သံသာလင်းရိပ်။ သူ့ကိုမြင်တာနှင့် ရန်သူတော်ကြီးကိုမြင်ရသလို ဩဂတ်စ်အလိုလိုမျက်မှောင်တွေကြုတ်ကာ ထလာ၏။
" မင်း ! ဘာလာလုပ်တာလဲ "
" မင်းဒီကိုလာတာသိလို့လေ "
" သံသာလင်းရိပ် ! မင်းပြန် !! "
သူပြောမှ အိမ်ထဲအထိတိုးဝင်လာပြီး တံခါးတောင်ပိတ်လိုက်သေး။ ခဏနေ အဘွားရောက်လာတာတော့မှာမို့ ဩဂတ်စ်ရူးချင်သွား၏။
" ဘာလဲကွာ... မင်းဘာဖြစ်ချင်နေတာလဲ လင်းရိပ် "
" မင်းတစ်ယောက်တည်းမရှင်းနိုင်တာတွေကို ငါကူပေးနေတာလေ "
" မင်းအကူညီလိုတယ်ပြောလို့လား ! အခုပြန် "
" မပြန်ဘူး !! "
အိမ်ထဲမှလူတွေကြားသွားမှာလည်းစိုး၍ နှစ်ယောက်သားခပ်ကြိတ်ကြိတ်ပြောနေရခြင်းပေ။ ဩဂတ်စ်ကတော့ စိတ်ပေါက်ပေါက်နှင့် သူလုပ်နေကျအတိုင်း လင်းရိပ်ရဲ့နဖူးကို လက်ညှိုးဖြင့်တွန်းထုတ်လိုက်၏။ လင်းရိပ်လည်း နောက်ကိုတစ်ချက်ယိုင်သွားပေမဲ့ ဩဂတ်စ်အနားပဲ ဆွေ့ခနဲပြန်ကပ်သည်။
" မပြန်နိုင်ဘူးနော် ! ပြောပြီးပြီ မင်းပြဿနာက ငါနဲ့လည်းဆိုင်တယ် "
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)