[ 17 ]

3.6K 196 7
                                        

>> Unicode <<
~~~~~~~~~~~~

အငယ်မဟေသာလင်းရိပ်နှင့်ဆက်သွယ်မရတဲ့အချိန်ဟာ ကြာသည်ထက်ကြာလာ၍ အမေဖြစ်သူကိုမေးကြည့်တော့ အလုပ်ချိန်မှာဖုန်းမကိုင်ရတာကြောင့်ပါတဲ့။ အတန်တန်မှာထားလျက်နှင့် ဦးမင်းဝေသွင်းပေးတဲ့အလုပ်ဆီ လက်ခံပြီးလွှတ်လိုက်တဲ့အမေ့ကိုလည်း လင်းရိပ်စိတ်ဆိုးသည်။ အခုတော့ စိတ်ပူနေတာတောင် ဘယ်သူ့ကိုမေးရမှန်းမသိတဲ့အခြေနေ။ ဒီနေ့တော့ အငယ်မရဲ့သူငယ်ချင်းတွေထဲမှ သူသိထားတဲ့တချို့ကိုမေးကြည့်ဖို့ပဲတွေးထား၏။ ထို့ကြောင့် နေ့လယ်ခင်းလောက်မှာ လင်းရိပ်အိမ်ကထွက်ဖို့ပြင်ဆင်သည်။

အောက်ထပ်ကို‌ဆင်းလာချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လင်းရိပ်ရဲ့ခြေလှမ်းတွေပါရပ်သွား၏။ ဒေါ်ဇီဇဝါနှင့် တိုင်းမြတ်ဝဿန်တို့ စကားများနေကြပြီး တိုင်းမြတ်က ထိုအမျိုးသမီးရဲ့လည်ပင်းကို လက်တစ်ဖက်တည်းနှင့်ညှစ်ထားလေသည်။

" ခင်ဗျားက ဘယ်တော့မှအမြင်မှန်ရမှာလဲ !! "

" နင် ! လွှတ်စမ်း ! "

လင်းရိပ်ဝင်မဆွဲဘဲ မနေနိုင်တော့ အပြေးအလွှားပဲသွားရသည်။

" တိုင်းမြတ် ! မင်းလွှတ်ပေးလိုက် "

ပြောရင်း အားထည့်ထားတဲ့လက်ကို ဆွဲဖယ်ရ၏။ သူ့ကိုမြင်တာနှင့် တိုင်းမြတ်ကလက်လွှတ်လိုက်သော်လည်း မျက်နှာပေါ်မှာ ဒေါသအငွေ့သက်တို့ကပြည့်နှက်နေလျက်။ ‌ဒေါ်ဇီဇဝါရဲ့လည်တိုင်‌မှာလည်း လက်ရာကြီးကနီရဲနေကာ အတော်လေးလည်းလန့်နေသည်။

" မင်းတို့ညီကိုတွေက စကားနဲ့ပြောလို့ရရဲ့သားနဲ့ အမြဲလက်ပါနေတာပဲ "

" နင်တော်တော်မိုက်ရိုင်းတာပဲ တိုင်းမြတ်ဝဿန် ! နင်ကတော့ တကယ်လမ်းဆုံးနေပြီ၊ တိုင်မယ်နင့်အဖေနဲ့ ! နင့်ကိုတိုင်ပစ်ဦးမယ် "

ဒေါ်‌ဇီဇဝါဟာ ဒေါသကြောင့်လက်တွေပါတဆတ်ဆတ်တုန်ကာ ‌အော်ဟစ်ပြောဆို၏။ ထိုအခါ တိုင်းမြတ်က ရှေ့ကိုထပ်တိုးလာပြီး..

" တိုင်မယ်ပေါ့.. ကျွန်တော်က အဲ့ဒီလူကိုကြောက်နေမယ်ထင်လို့လား ! "

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now