[ 27 ]

3.6K 169 8
                                        

>> Unicode <<
~~~~~~~~~~~~

" အဆင်ပြေတာသေချာရဲ့လား ဟမ်အမေ.. အငယ်မရော အတူတူပါလာတယ်မလား "

စိတ်လှုပ်ရှားနေတာသိသာစွာ သံသာလင်းရိပ်တို့ ဖုန်းပြောနေရင်းတောင် ဂနာမငြိမ်နိုင်။ ၄ ရက်အကြာမှာပဲ သူသိပ်တွေ့ချင်တဲ့မိခင်နှင့်ညီမဖြစ်သူကို သူတို့သွားခဲ့ကြတဲ့ရွာအနီးမှ အခြားသောရွာမှာပဲ ရှာတွေ့ခဲ့၏။ ဦးနေသန်မင်းလွင်ရဲ့အကူညီဖြင့် လူခွဲပြီးရှာမှတွေ့တာမို့ ဩဂတ်စ်လည်း အခုမှသက်ပြင်းချနိုင်တော့သည်။

" ဟုတ်ဟုတ်! ဒါဆို ဒီရောက်ရင်တွေ့မယ်နော်၊ အိမ်ကပဲစောင့်နေမယ်.. "

ဖုန်းချပြီးတာနှင့် အနားကိုရောက်လာကာ ဩဂတ်စ်ကိုဆွဲဖက်ပြီးလှုပ်ရမ်းနေတဲ့သူ။ ခုန်ဆွဆွနှင့် ပျော်နေတာများ မျက်ရည်တွေတောင်ဝဲလို့။

" ကျေးဇူး.. ကျေးဇူးဩဂတ်စ် ! မင်းသာမရှိရင် တကယ်ပဲငါတစ်‌ယောက်တည်း ဖြစ်မှာမဟုတ်ဘူး၊ ဒီလိုရှာတွေ့မှာတောင်မဟုတ်ဘူး.. "

ဩဂတ်စ်ရဲ့လက်တွေကလည်း သူ့ကျောပေါ်ရောက်လာကာ နှစ်သိမ့်သလို ခပ်ဖွဖွပွတ်သပ်ရင်း လက်တစ်ဖက်က ခေါင်းလေးကိုပွတ်ပေးနေ၏။ စကားတစ်ခွန်းမှမပြောပေမဲ့ ဩဂတ်စ်လည်း သူနှင့်ထပ်တူပျော်ရွှင်ပြီး စိတ်ဒုန်းဒုန်းချနိုင်ပြီဆိုတာ လင်းရိပ်သိနေသည်။ ၁၀ စက္ကန့်လောက်သာကြာပြီး ဩဂတ်စ်က ဖက်ထားတဲ့သူ့ကိုအသာဖယ်ခွာလိုက်ရင်း..

" စောင့်နေလိုက်တော့ သူတို့ဒီကိုပဲလာမှာ၊ ငါချိန်းထားတာရှိလို့ သွားတော့မယ် "

" ဟင်.. ဘယ်ကိုလဲ "

" အလုပ်ကိစ္စ "

ဩဂတ်စ်က တကယ်ကိုပဲ သူ့အလုပ်တွေကိုပစ်ထားတာများနေပြီ။ စက်ရုံကိစ္စ‌တွေ၊ လုပ်ငန်းတိုးချဲ့တာတွေကို သူဒီလိုပဲပြစ်ထားလို့မရသေး။

" ခဏ ဩဂတ်စ်... မင်းလက်ထောက်မရှိသေးရင် ငါဝိုင်းကူရမလား၊ ငါကူနိုင်တာရှိရင်လေ.. "

ထိုအခါ ဩဂတ်စ်က မျက်ခုံးပင့်၏။ သူ့ကိုလည်း ခေါင်းအစခြေအဆုံး အစုန်အဆန်ကြည့်နေတာကြောင့် လင်းရိပ်လည်း ဆတ်ခနဲမျက်မှောင်ကျုံ့ပြီး..

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now