>> Unicode <<
~~~~~~~~~~~~
၃ နှစ်ခန့် ကြာပြီးနောက်....
နေရောင်ခြည်နွေးနွေးဟာ ပြတင်းပေါက်မှထိုးဖောက်ဝင်ကာ အခန်းတွင်းဖြာကျလျက်ရှိပြီး အလင်းရောင်နှင့်အနွေးဓာတ်ကိုဆောင်ကျဉ်းပေးလာ၏။ အဖြူရောင်လိုက်ကာစများဟာ လေပြည်တစ်ချက်သော့တိုင်း တလူလူလွင့်နေလေသည်။ ဖြူလွှလွှခေါင်းအုံးထဲမြုပ်ဝင်ကာ ဩဂတ်စ်ဧဿန်တစ်ယောက်ကတော့ အိပ်မောကျနေသည့်အချိန်။
ထိုအချိန်မှာပင် မှောက်အိပ်နေတဲ့သူ့ကျောပေါ် တလှုပ်လှုပ်နှင့်တက်လာတဲ့ အကောင်ပေါက်လေး။
" ဒယ်... "
" ..... "
" ဒယ်.. ဒယ်ဒီ... ထတော့! "
အအိပ်ဆတ်တာကြောင့် အသားထိတည်းက သူနိုးနေလေပြီ။ အသံသေးသေးလေးကိုနားထောင်ရင်း တမင်ငြိမ်နေခြင်းပေ။ ဘေးမှာဝင်ထိုင်တဲ့ တစ်ယောက်သောသူကလည်း သဲ့သဲ့လေးရယ်နေလေ၏။
" ဒယ်ဒီ... ထတော့.. မိုးယင်းဘီ !! "
" ဒယ်ဒီကအိပ်နေတုန်းသားရဲ့၊ ပါးဆီလာ "
သံသာလင်းရိပ်လက်လှမ်းပေးလိုက်ပေမဲ့ ဒယ်ဒီမှဒယ်ဒီဆိုတဲ့ ပေါက်စလေးဟာ သူ့ပါးပါးဆီမသွား။ ဩဂတ်စ်ရဲ့ကျောပေါ် တွန့်လိမ်တွန့်လိမ်ရွေ့ပြီး လက်သေးသေးလေးများက တဖက်ဖက်ရိုက်ပြီး သူတတ်စွမ်းသလောက်နှိုးနေ၏။
" ထ... ဒယ်ဒီ.. ထ.. ထတော့... "
" ကဲ ဒယ်ဒီရေ.. ဆရာကြီးကနှိုးနေပြီ ထလိုက်တော့ "
ထိုအခါမှ ဩဂတ်စ် မျက်လုံးတွေပွင့်လာကာ ရယ်သံလွင်လွင်များလည်းထွက်လာသည်။ လင်းရိပ်က သူ့ကျောပေါ်ကသားငယ်လေးကိုချီကာ ဘေးမှာချပေးလိုက်တော့ ဩဂတ်စ်လည်း ကိုယ်အိအိလုံးလုံးလေးကို လက်မောင်းများကြားပွေ့ဖက်ထားလိုက်၏။
" ဒယ်ဒီအိပ်ချင်သေးတယ်လေကွာ "
ဩဂတ်စ်ရဲ့လက်ထဲမှာလည်း သားကအငြိမ်မနေ။ သူ့ဒယ်ဒီရဲ့ပါးတွေကိုညှစ်လိုက်၊ ဆံပင်တွေ သွားကိုင်ကြည့်လိုက်လုပ်နေတာ။ ဘေးကကြည့်နေတဲ့လင်းရိပ်က သားရဲ့ပါးဖောင်းဖောင်းလေးကိုလှမ်းနမ်းပြီး အိပ်မှုန်စုံမွှားနှင့်ဩဂတ်စ်ရဲ့ပါးကိုလည်း ရွှတ်ခနဲ ဖိကပ်နမ်း၏။ ဒါကိုမြင်တဲ့ပေါက်စလေးကလည်း သူ့ပါးပါးကို မျက်လုံးလေးပြူးကာကြည့်နေပြီးမှ ဩဂတ်စ်ရဲ့ပါးကို ငုံ့နမ်းလာသည်။
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)