[ 35 ]

3.7K 166 10
                                        

>> Unicode <<
~~~~~~~~~~~~~

" ဟေသာ ထားလိုက်ပါဆို၊ ကိုကိုလုပ်မှာပေါ့ "

" အမလေး.. မလုပ်လိုက်ပါနဲ့၊ ကိုကိုက အေးအေးဆေးဆေးပဲထိုင်နေပါနော်၊ ကိုကြီးဩဂတ်စ်က CCTV တွေတပ်ထားမှဖြင့် ဟေသာတို့ပါ ပဲလှော်ကြားဆားညပ်နေပါ့မယ် "

တတွတ်တွတ်ပြောရင်း လင်းရိပ်နှင့်ဩဂတ်စ်ရဲ့ အဝတ်တွေ သိမ်းပေးနေတဲ့ကောင်မလေး။

အိမ်မှာ လင်းရိပ်တစ်ယောက်တည်းရှိနေတာကြောင့် ဟေသာ့ကို ဩဂတ်စ်ကခေါ်ထားပေး၏။ စိတ်ချရတဲ့ကောင်မလေးကလည်း သံသာလင်းရိပ်ရဲ့ညီမ မပီသ။ ဩဂတ်စ်ရဲ့စကားကိုပဲ မြေဝယ်မကျနားထောင်နေတော့တာ။

" ကဲ ထားလိုက်ပါ၊ အချိန်ကိုကြည့်ဦး ဗိုက်ဆာနေပြီမလား "

" မဆာသေးပါဘူးဆို၊ ကိုကိုစား‌တော့မှာလား ဟေသာခူးပေးမယ် "

" အေး.. ဆာတော့ဆာတယ် ထမင်းစားချင်တာမဟုတ်ဘူး "

" ဘာစားချင်လို့လဲကိုကိုက "

" မြန်မာမုန့်စားချင်တာ "

ခေါက်ထားသည့်အဝတ်တွေ သပ်သပ်ရပ်ရပ်လေးစီထည့်ပေးနေတဲ့ဟေသာက ပြန်ကြည့်၏။ သူ(မ)ရဲ့အစ်ကိုစားချင်တဲ့မုန့်ကလည်း အနီးနားမှာမရှိ။ ဆိတ်ငြိမ်ရပ်ကွက်အတွင်းပိုင်းဖြစ်တာကြောင့် ဝယ်စရာရှိလျှင် ဟိုးလမ်းမတန်းအထိပြန်ထွက်ရသည်။

" ကိုကိုစားချင်ရင် မှာလိုက်လို့ရတာပဲ၊ မြန်မာမုန့်က ဘာစားမှာလဲပြော မှာပေးမယ် "

" မှာတာကြီးက အကြာကြီးစောင့်ရမှာပေါ့၊ Grab ခေါ်လိုက် ကိုယ့်ဘာသာထွက်ဝယ်ကြမယ် "

လင်းရိပ်ပြောတော့ ဟေသာက ခေါင်းလေးကုပ်‌နေ၏။ သူသိတာပေါ့။ ဩဂတ်စ်ဧဿန်တို့ အိမ်ကမထွက်ခင် ဘယ်မှမသွားကြဖို့ ဟေသာ့ကိုကပ်မှာခဲ့တာ။

" ကိုကိုကလည်း.. grab က ဈေးတွေကြီးနေတာကို "

" ဪ... ငါရှင်းမှာပါ၊ နင့်အစ်ကိုရှင်းမှာပါ မမလေးရယ် "

" ဒါပေမဲ့... "

" ကိုယ်ဝန်ရှိတဲ့အချိန်မှာလေ ဟိုဟာစားချင် ဒီဟာစားချင်ဖြစ်တယ်ဆိုတာ အဲ့ဒါက ကလေးစားချင်တာတဲ့၊ နင့်တူလေးလား တူမလေးလားမသိတဲ့ အဲ့ဒီပေါက်စလေးက စားချင်တာနော် "

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now