[ 31 ]

3.8K 166 10
                                        

>> Unicode <<
~~~~~~~~~~~~

" ဩဂတ်စ် မအိပ်သေးဘူးလား "

တစ်ရေးနိုးလာသည့်လင်းရိပ်က သူ့ခြေရင်းမှာထိုင်နေတဲ့ ဩဂတ်စ်ကိုမေးခြင်းပေ။ ဩဂတ်စ်လည်း ပြန်လှည့်ကြည့်သည်။ လက်ထဲက ဘီယာဘူးကိုမြင်ချိန်မှာ လင်းရိပ်မျက်မှောင်ကျုံ့မိသွား၏။

" အိပ်တော့မှာ "

" မင်းသောက်နေတာလား၊ ဘာဖြစ်လို့လဲ ဩဂတ်စ် "

မေးလည်းမေးရင်း လင်းရိပ် လှဲအိပ်နေရာက ထထိုင်လာ၏။ သူ့ကိုမြင်မှပဲ အိပ်ချင်မူးတူးဖြစ်နေတာတောင်မရှိတော့။ ဒီလို ညဘက်ကြီးထိုင်မသောက်စဖူးမို့ စိတ်လည်းပူသွားသည်။

" ဘာမှမဖြစ်ဘူး၊ ဒီနေ့နည်းနည်းပင်ပန်းလို့ သောက်တာ၊ ဗိုက်ဆာလား "

လင်းရိပ်ခေါင်းခါလိုက်၏။ ဩဂတ်စ်ဟာ သူနှင့်မျက်လုံးချင်းမဆုံ။ လက်ကျန်ဘီယာတွေကို တစ်ကျိုက်တည်းမော့ချပြီးမှ ကုတင်ပေါ်‌ရောက်လာသည်။ လင်းရိပ်ကတော့ သူ့ပုံစံကိုသာတကြည့်ကြည့်။

" ဩဂတ်စ် "

" အေး "

" အဆင်ပြေရဲ့လား "

" ဘာကိုလဲ "

အခုမှပဲ လင်းရိပ်ကိုသေချာကြည့်သည်။ ဘေးနားရောက်လာသူရဲ့လက်ကို လင်းရိပ်က အသာ‌ယာဆုပ်ကိုင်ရင်း..

" အကုန်ပဲ၊ အလုပ်တွေရော.. တခြားကိစ္စတွေရော အဆင်ပြေရဲ့လား "

" ပြေပါတယ် လူကြီးတွေက ငါ့ကိုပဲအကုန်လွှဲပြီး ကြည့်လုပ်လိုက်ဆိုတာချည်းပဲဆိုတော့ အလုပ်တွေပိပြီးပင်ပန်းနေတာ "

လင်းရိပ်ခေါင်းတညိတ်ညိတ်နှင့် ဩဂတ်စ်ရဲ့ပါးတစ်ဖက်ကို အုပ်ကိုင်လိုက်၏။ ဘီယာနံ့တွေနှင့် မျက်လုံးတွေကရီဝေဝေ။ ပင်ပန်းနေတာသိသာစွာပဲ ဩဂတ်စ်က ချောင်ကျသွားသည်။

" မင်းကိုယ်ဝန်ရှိလာရင်တော့ အလုပ်တွေကို လွှဲလို့ရတဲ့လူဆီ ငါလွှဲထားတော့မယ် "

" ဟမ်.. ဘာဖြစ်လို့လဲ "

" မင်းကိုပဲအချိန်ပေးချင်တယ် "

" ငါကရပါတယ်၊ ငါတစ်ခုခုဖြစ်ရင် မင်းကပိုပင်ပန်းမှာဆိုတဲ့စိတ်နဲ့ ငါ့ကိုယ်ငါလည်းဂရုစိုက်တယ် "

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now