[ 30 ]

3.9K 175 4
                                        

>> Unicode <<
~~~~~~~~~~~~

ရက်သတ္တ‌ပတ်တွေကုန်လွန်လာပြီးနောက်မှာ သံသာလင်းရိပ်လည်း ဟော်မုန်းနှင့်ပတ်သက်တဲ့ဆေးတွေထိုးရတာ၊ ဆရာဝန်ရဲ့ညွှန်ကြားချက်နှင့် ဆေးသောက်တာတွေလုပ်နေရပြီဖြစ်၏။ အပတ်တိုင်းလည်း ဆရာဝန်နှင့်တွေ့ဖြစ်နေပြီး လိုအပ်တဲ့အခါ တစ်ခါတည်းဆေးထိုးရသည်။

ဆရာဝန်က လာစရာမလိုသေးဘူးပြောထားလည်း ဩဂတ်စ်ကမရ။ ဖြစ်နိုင်ရင် အိမ်မှာပါ ဆရာဝန်ကို ၂၄ နာရီ၊ ၇ ရက်လုံးခေါ်ထားချင်နေပုံ။

" လင်းရိပ် "

" ဟင် "

" ဘယ်လိုနေသေးလဲ "

မနေ့ညတည်းက နေမကောင်းချင်ဖြစ်နေတယ်လို့ ပြောနေ၍ မေးခြင်းပေ။ အခုလည်း လင်းရိပ်က နှာခေါင်းလေးရှုံ့ပြီး..

" နုံးနေတယ်၊ ဖျားတော့မယ်ထင်တယ် "

" ဆေးရုံသွားမလား "

" ‌တော်ပြီလေ ဆရာက သောက်ဆေးတွေပေးထားတာပဲ "

လင်းရိပ်ဘယ်လိုငြင်းငြင်း ဩဂတ်စ်တကယ်ခေါ်ရင် ပါသွားရတာချည်း။ အခုတော့ နဖူးစမ်းလိုက်၊ ပါးလေးစမ်းလိုက်လုပ်နေတဲ့ဩဂတ်စ်ရဲ့ လက်ကိုဆွဲလှုပ်ရင်း..

" ဘဲကင်စားချင်တယ် "

" ဘဲကင် ? "

" အင်း.. ဘဲကင်ကို ပျားရည်လေးနဲ့ "

ဆေးတွေကြောင့်ပဲလား၊ နဂိုတည်းက အစားတစ်လိုင်းမို့ စားချင်စိတ်ချည်းများနေတာလားဆိုတာတော့ ဩဂတ်စ်လည်းမပြောတတ်။ သို့ပေမဲ့ လင်းရိပ်စားချင်ရင် သူရအောင်ဝယ်ပေးမိတာကလည်း တကူးတကလုပ်ယူမထားတဲ့ အကျင့်တစ်ခုလိုတောင်ဖြစ်လာသည်။

" ဘဲကင်ပဲလား၊ ဘာမှာဦးမလဲ "

" bubble tea ! "

" ဝယ်ခဲ့မယ် "

" ငါလိုက်လို့မရဘူးလား ဩဂတ်စ် "

အခုလေးတင်ပဲ ဖျားတော့မယ်ပြောတဲ့သူက အပြင်ကိုလိုက်ချင်နေသေးသတဲ့။ ဩဂတ်စ်ကြည့်လိုက်တော့ မျက်လုံးလေးကလယ်ကလယ်နှင့် လူကိုပြန်ကြည့်သည်။ မလိုက်နဲ့ပြောပြန်ရင်လည်း ကြံဖန်ပြီး စိတ်ကကောက်ဦးမည်။

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now