>> Unicode <<
~~~~~~~~~~~~
" ဩဂတ်စ်.. "
မျက်လုံးတွေ ဖြည်းညင်းစွာဖွင့်လိုက်တာနှင့် ခံစားလိုက်ရတာက စူးရှနေတဲ့အလင်းရောင်သာ။
" ဩဂတ်စ်... သတိရပြီလား "
ဒါက ဒယ်ဒီ့ရဲ့အသံ။ မျက်လုံးတွေကျိန်းလွန်းတာကြောင့် မကြည့်နိုင်တာကိုသိတော့ ဒယ်ဒီက သူ့မျက်နှာပေါ် လက်နှင့်ကာပေးထား၏။ ထိုအခါမှ ဩဂတ်စ် တဖြည်းဖြည်းချင်းပဲ မျက်လုံးပြန်ဖွင့်နိုင်သည်။
" ဒယ်ဒီ "
" အေး ဆရာဝန်ခေါ်ထားတယ်၊ ငြိမ်ငြိမ်နေဦး "
ဩဂတ်စ်ငြိမ်သွားကာ သက်ပြင်းချသည်။ ထိုအခိုက် အတွေးထဲဝင်လာတဲ့အဖြစ်ပျက်တွေကြောင့် သူ့မျက်ခုံးတွေ ဆတ်ခနဲချိုးသွားပြန်၏။
" သံသာလင်းရိပ်ရော... သူဘယ်လိုနေလဲ "
" သူကဘာဖြစ်ရမှာလဲ၊ ဖြစ်တာကမင်းလေ "
" မဟုတ်ဘူးဒယ်ဒီ.. "
တဆစ်ဆစ်ကိုက်နေသေးတဲ့ ဒဏ်ရာကို သူမှုနိုင်။ အားယူကာ ထထိုင်တော့ ဒယ်ဒီက မျက်မှောင်ကြီးကုပ်ကာ ကြည့်နေလေသည်။
" ဩဂတ်စ် ! မင်းအထိုးခံရတာ ဓားနဲ့နော်၊ ငြိမ်ငြိမ်နေလို့ ငါပြောနေတယ် "
ထိုင်လိုက်တာနှင့် ဝမ်းဗိုက်မှဒဏ်ရာကလည်း အတော်လေးကိုကိုက်ခဲနာကျင်လာသည်။ ထိုအချိန်မှာပဲ ဒေါ်ဇီဇဝါနှင့်အတူ ဆရာဝန်တွေလည်းရောက်လာတာကြောင့် ဦးနေသန်ဟာ မျက်နှာကြီးတည်တင်းကာငြိမ်သွား၏။
ဆရာဝန်တွေရဲ့ ဟိုမေးသည်မေးလုပ်သမျှကို ဩဂတ်စ်စိတ်မရှည်ချင်တော့။ သူ့ခေါင်းထဲမယ် သံသာလင်းရိပ်နှင့် ဟိုလူတို့ တစ်နေရာတည်းအတူရှိနေတယ်ဆိုတဲ့အသိကြောင့် ချက်ချင်းပဲပြေးသွားချင်နေသည်။
" အဆင်ပြေပါတယ် ဒဏ်ရာကတော့ နာတာကိုက်တာရှိမှာပဲ၊ အစားစား.. အိပ်ရေးဝအောင်အိပ်ပြီး ဆေးသာမှန်မှန်သောက်ပေး ပြီးတော့ သိပ်မလှုပ်ရှားစေနဲ့၊ ရေလည်းမထိစေနဲ့ဦးနော် "
ဆရာဝန်ပြောသမျှကို ဒယ်ဒီနှင့်မာမီကပဲနားထောင်နေပြီး ဩဂတ်စ်ကတော့ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်လို့။ ဆရာဝန်ထွက်သွားတာနှင့် လူကထထွက်သွားချင်ပြီး ဖင်တကြွကြွဖြစ်နေတာကို ဦးနေသန်က ခပ်တည်တည်ကြီးကြည့်နေရင်း..
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)