[ 22 ]

3.5K 176 7
                                        

>> Unicode <<
~~~~~~~~~~~~

" ဩဂတ်စ်.. အိပ်ပြီလား "

အခန်းတံခါးခေါက်သံနှင့်အတူ မာမီ့ရဲ့အသံကြောင့် ဩဂတ်စ်အတွေးလွန်နေရာမှ အသိဝင်ကာ တံခါးထဖွင့်ရသည်။

" မအိပ်သေးဘူးမာမီ၊ ဘာဖြစ်လို့လဲ "

" ဒီမှာလေ မင်းဒယ်ဒီအတွက် နွားနို့ကျိုပေးရင်း သားအတွက်ပါယူလာတာ၊ ပူတုန်းလေး သောက်လိုက်ဦး "

ဖန်ခွက်ရှည်ရှည်နှင့်ထည့်ထားတဲ့ နွားနို့ကို ဩဂတ်စ်သောက်ချင်စိတ်မရှိပါ။ သတိတရလာပေးတဲ့မာမီ့ကြောင့်သာ မငြင်းဖြစ်ဘဲ ယူထားလိုက်ရသည်။

" မာမီလည်းနားတော့လေ "

နွားနို့လာပေးရုံထင်ထားပေမဲ့ မာမီက ထွက်မသွားသေးဘဲ သူ့အားကြည့်နေသေး၏။ တစ်စုံတစ်ရာများပြောချင်တာလားဟု ဩဂတ်စ်လည်းငြိမ်နေလိုက်မှ မာမီ့ဆီက စကားတစ်ခွန်းကြားရလေသည်။

" သံသာလင်းရိပ်ရော.. အဆင်ပြေလား "

လင်းရိပ်ကိုမကြည်တဲ့လူက ထိုသို့မေးခြင်းဖြစ်ပေမဲ့ အခုချိန်မှာ ဩဂတ်စ်ဘာမှခံစားမနေနိုင်သေး။

" အဆင်ပြေတယ်လို့လည်း မဟုတ်ပါဘူး၊ ဒီလိုပဲ ပြေအောင်နေနေရတာပေါ့ "

" မနက်ဖြန်သွားမယ်ဆိုရင် မာမီဟင်းချက်ပြီး ထည့်ပေးလိုက်မယ်လေ၊ အခြောက်အခြမ်းလေးနည်းနည်းပါးပါးတော့ သူယူထားလို့ရမှာပေါ့ "

" မနက်ဖြန်သွားဖို့က သိပ်မသေချာဘူးမာမီ၊ ကျွန်တော်သွားစရာရှိသေးလို့ "

" ဒါဆို အဲ့ဒီတစ်ယောက်က နေ့လယ်စာဘယ်လိုစားမှာတုန်း "

ဩဂတ်စ် ဒါကိုမတွေးမိတာမဟုတ်။ ဘာကိုအရင်စလုပ်ရမလဲမသိအောင် ဗျာများနေတာကြောင့်သာ။ မာမီကတော့ သူ့ကိုကြည့်ပြီး..

" ဘယ်သွားစရာရှိတာလဲ၊ အရေးကြီးကိစ္စလား "

" အရေးတော့မကြီးပါဘူး၊ မာမီဟင်းထည့်ပေးချင်ရင်လည်း တစ်ခါတည်းယူသွားလို့ရတယ်၊ သူနေ့လယ်စာသေချာစားရဖို့ပိုအရေးကြီးတာပဲ၊ ကျွန်တော်ယူသွားလိုက်မယ် "

" ဟုတ်ပြီ ဟုတ်ပြီ ဒါဆို အထားခံတာလေးတွေချက်ပေးလိုက်မယ် "

ဩဂတ်စ်ခေါင်းညိတ်လိုက်၏။ အခန်းထဲပြန်ဝင်လာချိန်အထိ မနက်ဖြန်အတွက်ကို တွေးနေမိဆဲ။ ဦးမင်းဝေရှိမယ်ထင်ရတဲ့နေရာကို ဥက္ကာနှင့်အတူသွားဖို့တွေးထားသော်ငြား ဒါကိုပဲ သူစိတ်ထင့်သည်။ တစ်ဖက်လှည့်နှင့် သူ့ကိုခေါ်သွားပြီးမှ ရှောင်ဖို့ထွက်ပေါက်ဖြစ်သွားမှာကိုလည်း မေ့ထားလို့မရ။ ပိုဆိုးတာက သူ့ကိုခေါ်ထုတ်ပြီး တစ်ဖက်မှာ သံသာလင်းရိပ်ကိုပြဿနာလာမရှာဘူးလို့လည်း တပ်အပ်မပြောနိုင်။

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now